Connect with us

Hi, what are you looking for?

News

ရှမ်းပြည်ညီညွတ်ရေးကော်မတီ လုပ်ငန်းများကို ယာယီဆိုင်းငံ့ကြောင်း RCSS ကြေညာ

CSSUကို ရှမ်းလက်နက်ကိုင်တပ်များဖြစ်သည့် RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့နှင့် ရှမ်းနိုင်ငံရေးပါတီများဖြစ်သည့်SNLD၊ SNLDတို့အပါအဝင် ရှမ်းအဖွဲ့များဖြင့် ၂၀၁၃ အောက်တိုဘာက စုဖွဲ့ထားခြင်းဖြစ်ပသည်။ယခုအခါ CSSU အနေဖြင့် ရည်မှန်းချက်များအတိုင်း လုပ်ငန်းအကောင် အထည်ဖော်ရာတွင် အားနည်းချက်များရှိနေကြောင်း RCSS၏ ကြေညာ ချက်၌ ဖော်ပြထားသည်။

(CSSU ရှမ်းတိုင်းရင်းသား​ခေါင်းများကို ​တွေ့ရစဥ်)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အနေဖြင့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) လုပ်ငန်းများကို ယာယီဆိုင်းငံ့လိုက်ကြောင်း RCSSက ယနေ့ ထုတ်ပြန်သည်။

CSSUကို ရှမ်းလက်နက်ကိုင်တပ်များဖြစ်သည့် RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့နှင့် ရှမ်းနိုင်ငံရေးပါတီများဖြစ်သည့်SNLD၊ SNLDတို့အပါအဝင် ရှမ်းအဖွဲ့များဖြင့် ၂၀၁၃ အောက်တိုဘာက စုဖွဲ့ထားခြင်းဖြစ်ပသည်။ယခုအခါ CSSU အနေဖြင့် ရည်မှန်းချက်များအတိုင်း လုပ်ငန်းအကောင် အထည်ဖော်ရာတွင် အားနည်းချက်များရှိနေကြောင်း RCSS၏ ကြေညာ ချက်၌ ဖော်ပြထားသည်။

CSSUတွင် အလှည့်ကျခေါင်းဆောင်မှု စနစ်ကျင့်သုံးရန် သဘောတူညီမှုရှိခဲ့ကြခြင်းသည် အခြေအနေနှင့် ကိုက်ညီမှုရှိသော်လည်း အခြားတစ်ဖက်တွင် သက်ဆိုင်ရာ အစုအဖွဲ့အတွက် နိုင်ငံရေးအကျိုးအမြတ် ရယူနိုင်သည့် အခွင့်အလမ်းများ ဖြစ်စေသောကြောင့် ထိရောက်မှုမရှိခဲ့ခြင်းပါတီ နှစ်ပါတီအကြား ညှိနှိုင်းဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်ခဲ့ခြင်းတို့သည် အားနည်းချက်များ ဖြစ်သည်ဟု RCSSက ဆိုသည်။

ထို့ပြင် ရှမ်းလက်နက်ကိုင်တပ် နှစ်တပ်အကြား၂၀၁၈ နှစ်ကုန်ပိုင်းမှစပြီး ၂၀၂၀အထိ ဖြစ်ပွားခဲ့သည့် ထိတွေ့မှုများကို CSSU မှ မဖြေရှင်းနိုင်ခဲ့သည့်အပြင် ၂၀၂၁-၂၂ အထိ တိုက်ပွဲများ စဉ်ဆက်မပြတ် ပြင်းထန်ကျယ်ပြန့်လာခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်နာနာ စစ်ဘေးရှောင် အတိဒုက္ခရောက်စေခြင်း၊ CSSU ၏ ရည်မှန်းချက်ဖြစ်သည့် ရှမ်းတိုင်းရင်းသားများအကြား ညီညွတ်ရေးမှသည် ရှမ်းပြည်တိုင်းရင်းသား များအားလုံး ညီညွတ်ရေးသို့ ဦးတည်စေရန်အတွက် တိုးတက်မှုမရှိ သလောက်နည်းပါးသည့်အပြင် ရှမ်းပြည်အတွက် ရှင်းလင်းတိကျသည့် နိုင်ငံရေး ရည်မှန်းချက်များ မချမှတ်နိုင်ခဲ့ခြင်းတို့သည်လည်း အားနည်းချက်များ ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကော်မတီအတွင်းအဖွဲ့ဝင်များ ကိုယ်စားပြုပါဝင်မှုနှင့် အတွင်းရေးမှူးအဖွဲ့ကိုယ်စားပြုပါဝင်မှုတို့သည် အဖွဲ့ဝင် ဖြစ်စဉ်မှု အပေါ်တွင် အခြေမခံခြင်းသည်လည်း အား နည်းချက်ဖြစ်သည်ဟု ဆိုသည်။

ရည်မှန်းချက်များအတိုင်း အဖွဲ့ဝင်များအကြား ပူးပေါင်း လက်တွဲ၍ ရှေ့ခရီးကို အတူတကွ ချီတက်ရန် ခက်ခဲခြင်းကြောင့် သော်လည်းကောင်း၊ လက်ရှိ ပြဿနာများ ဖြေရှင်းနိုင်ရန် အတွက်သော်လည်းကောင်း၊ ကော်မတီ၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်ငန်းများ ပြန်လည်သုံးသပ်ပြင်ဆင်ရန် လိုအပ်ခြင်းတို့ကြောင့် သော် လည်းကောင်း RCSSမှ CSSU၏ လုပ်ငန်းစဉ် များ ခေတ္တဆိုင်းငံ့ထားသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းနှင့်ပတ်သက်၍ CSSU အတွင်းရေးမှူးချုပ် RCSS ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခြင်းမှာ ယခု ဖေဖော်ဝါရီအတွင်း CSSUက ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ စာတမ်းတစ်စောင်နှင့် သက်ဆိုင်နိုင်သည်ဟု ယူဆကြောင်း မှတ်ချက်ပြုသည်။

၂၀၂၂အတွင်း CSSU၏ လုပ်ငန်းစီမံချက်များ ချမှတ်ရေးနှင့်ပတ်သက်ပြီး ၂၀၂၁ ဒီဇင်ဘာ ၃၁ရက်တွင် CSSU အတွင်းရေးမှူးချုပ်ကအဖွဲ့ဝင် အဖွဲ့အစည်းတိုင်းအား CSSU၏ နိုင်ငံရေးရည်မှန်းချက်နှင့် ရပ်တည်ချက် များကို ဆက်လက်ယုံကြည်နေဆဲလား၊ ဆက်လက် ပူးပေါင်း ပါဝင်ရန် ဆန္ဒရှိပါသလားဟုမေးမြန်းရာ အဖွဲ့အစည်းများကိုယ်စားပြုသည့် အတွင်းရေးမှူးအဖွဲ့ဝင်တိုင်းက ယုံကြည်သည်ဆက်လက်ပူးပေါင်းရန် ဆန္ဒရှိသည်ဟုပြော၍ ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့သည်ဟု ဦးစိုင်းလိတ်က ရှင်းပြသည်။

“အဲဒီအထိတော့ RCSSက ဘာမှစောဒက တက်တာမရှိဘူး။နောက်ပိုင်း ဒီစာ(CSSU ၏ ငြိမ်းချမ်းစွာ အတူ တကွ ယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ မူဝါဒစာတမ်း)ထွက်တာနဲ့ ပတ်သက်ပြီး အချိန်သူတို့အနေနဲ့ ၇ရက်နေ့မှာ ထုတ်ဖို့ အဆင်မပြေဘူးပေါ့။ ဘာလို့ အဆင်မပြေတာလဲဆိုတော့ နဂိုရ်ဆုံးဖြတ်ချက်အတိုင်းလုပ်တာမို့လို့ သူတို့ကလည်း တိကျရေရာတဲ့ ဆင်ခြေမပေးနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဒီစာ(RCSSကြေညာချက်) ထွက်လာတာပဲ။”ဟု ၎င်းက ဆိုသည်။

ယခု ကြေညာချက်မထုတ်ပြန်မီ ဖေဖော်ဝါရီ ၂၁ရက်တွင် RCSSက CSSU အတွင်းရေးမှူးချုပ်ထံ စာပို့ပြီး ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းမည်ဟု အကြောင်း ကြားထားကြောင်း ဦးစိုင်းလိတ်က ပြောသည်။

SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဖုန်းဟန်က RCSS၏ ယခုကြေညာချက်အပေါ် မှတ်ချက်မပေးလိုဟု ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က တိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားစေခဲ့တာလို့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်) ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့မြို့ကြီးတွေမှာထိုင်းနိုင်ငံဖွားရှမ်းလူငယ်အချို့ ဂိုဏ်းဖွဲ့ပြီး ရိုက်နှက်တာ ၊ ခိုက်ရန်ဖြစ်ပွားတဲ့လုပ်ရပ်တွေကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဆန့်ကျင်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၂ ရက်မှာကြေညာချက်ထုတ်လာပါတယ်။

သတင်း

ရှမ်းပြည်အရှေ့ပိုင်းမိုင်း‌‌ယောင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် RCSS ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ဦး သေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း မြို့အချို့တွင် ဒေသခံ ပြည်သူများအား စစ်ကောင်စီက မလာမနေရ ခေါ်ယူပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို ဆန္ဒပြခိုင်းသည့် လုပ်ရပ်ကို အားမပေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်သည်။