Connect with us

Hi, what are you looking for?

LuduNwayOo

News

တအာင်းပါတီဥက္ကဋ္ဌနှင့် မိသားစု သတ်ဖြတ်ခံရမှု ခိုင်လုံသောသက်သေမရှိဘဲ စွပ်စွဲအပြစ်ဖို့ခြင်းသာဖြစ်ဟု RCSS ဆို

ရှမ်းပြည်တိုင်းရင်းသား အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား နားလည်မှုလွဲခြင်းဖြစ်စဉ်မှ အန္တရာယ်အလွန်ကြီးမားသည့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်ခြင်းသို့ မရောက်ရောက်အောင် တွန်းပို့နေသည်ဟုလည်း RCSSက စွပ်စွဲထားသည်။

မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန် နှင့် ၎င်း၏ဇနီး၊ ကလေးတို့ သတ်ဖြတ်ခံရမှု နှင့်ပတ်သက်၍ ခိုင်လုံသော သက်သေခံ အထောက်အထားများ ဖော်ပြနိုင်ခြင်းမရှိဘဲ တအာင်း(ပလောင်)အဖွဲ့အစည်းအချို့မှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အပေါ် တစ်ဘက်သတ်ဝိုင်းဝန်း စွပ်စွဲ အပြစ်ဖို့ခြင်းသာဖြစ်ကြောင်း RCSSက ထုတ်ပြန်ခဲ့သည်။

မိုင်းနုမ်ဟန် မိသားစုကို RCSSက ဇန်နဝါရီ ၁၀ရက်တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၌ ဖမ်းဆီးသွားပြီး တုံလောကျေးရွာအုပ်စု ပန်ပွဲရွာအနီး တောတွင်း တစ်နေရာ၌ မိသားစုလိုက် ရက်စက်စွာ သတ်ဖြတ်ထားသည်ကို မတ်လ ၁၀ရက်တွင် ဒေသခံများနှင့် တအာင်းလူမှုအဖွဲ့များက သက်သေများနှင့်အတူ တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာရှင်းလင်းထားသည်။

မိုင်နုမ်ဟန်မိသားစု ရက်စက်စွာ သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ နှင့် အဖွဲ့အစည်းများစွာက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များထုတ်ပြန်ထားသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ RCSSက ပထမဆုံး ကြေညာချက် ထုတ်ပြန်ခဲ့ရာ RCSSအား နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထိုးနှက် အမြတ်ထုတ်မှုဖြင့် တစ်ဖက် သတ်စွပ်စွဲမှုများကို အချိန်ကိုက် စုပေါင်းစီစဉ်ဆောင်ရွက်လာခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်တိုင်းရင်းသား အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား နားလည်မှုလွဲခြင်းဖြစ်စဉ်မှ အန္တရာယ်အလွန်ကြီးမားသည့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်ခြင်းသို့ မရောက်ရောက်အောင် တွန်းပို့နေသည်ဟုလည်း RCSSက စွပ်စွဲထားသည်။

မိုင်းနုမ်ဟန် မိသားစု ရက်စက်စွာ သတ်ဖြတ်ခံရမှုအပေါ် ရှုတ်ချကန့်ကွက်ကြောင်း နှင့် ပြစ်မှုကျူးလွန်သူ တရားခံ ဖော်ထုတ်နိုင်ရေး အမှုမှန် ပေါ်ပေါက်နိုင်ရေးနှင့် တရားမျှတမှုရှိစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့များနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း RCSSက ဆိုသည်။

မိုင်းနုမ်ဟန်နှင့် ၎င်း၏မိသားစုသည် မိုင်းနုမ်ဟန်၏ မိခင်နာရေးမှ အပြန် တုံလောကျေးရွာ အုပ်စုရှိ RCSS တပ်ဖွဲ့ရှိရာ ဂိတ်ကို ဖြတ်သန်းစဉ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တအာင်းအသိုင်းအဝိုင်းက လိုက်လံစုံစမ်းရှာဖွေရာ RCSS တပ်ဖွဲ့က ဖမ်းထားသည့် သက်သော အထောက်အထားများ နှင့်အတူ မတ်လ ဒုတိယပတ်တွင်အ မိုင်းနုမ်ဟန်နှင့်မိသားစု ၏ အလောင်းများကိုတွေ့ရှိခဲ့ကြောင်း တအောင်းဒေသခံက ပြောသည်။

ယင်းသက်သေများမှာ RCSS တပ်မှ ထွက်ပြေးလာသည့် တအာင်းလူမျိုးတပ်ဖွဲ့ဝင်တစ်ဦးက မိုင်းနုမ်ဟန်နှင့်မိသားစုကို တွေ့ရှိခဲ့သည့် အခြေအနေ၊ မိုင်းနုမ်ဟန် နှင့်မိသားစု အလောင်းတွေ့ရှိရာ နေရာသို့ RCSS တပ်များ ဖြတ်သွားစဉ် ကလေးငိုသံ နှင့် သေနတ်သံများ ကြားခဲ့ရသည့် ဒေသခံတစ်ဦး၏ ထွက် ဆိုချက်၊ မိုင်းနုမ်ဟန် တုံလောရွာရှိ RCSS တပ်ဂိတ် နှစ်ခုအနက် တစ်ခုကို ဖြတ်သန်းပြီးစဉ် တအာင်း ပါတီ အဖွဲ့ဝင်များ ထံဆက်သွယ်ခဲ့ပြီးဒုတိယဂိတ်တွင် အဆက်အသွယ်ပြတ်တောက်သွားသည့် အခြေ အနေ၊ ထိုသို့ အဆက်အသွယ်ပြတ် သွား၍ တအာင်းဒေသခံများ က မိုင်းနုမ်ဟန်နှင့်မိသားစုကို ရှာဖွေရန် လာရောက်စဉ် RCSS တပ်ကတားမြစ်ခဲ့မှု၊မိုင်းနုမ်ဟန် နှင့်မိသားစုတို့မိခင်၏ နာရေးပြုလုပ် သည့် မတ် ချိနုရွာမှ မပြန်မီ တုံလောကျေးရွာရှိ RCSS တိုက်နယ်မှူးဖြစ်သူ အိုက်မင်း၏ အမျိုးသမီးနန်းအေးမီ က မိုင်းနုန်ဟန်မိသားစု မိုင်းကိုင်သို့ပြန် သွားပြီလားဟုလာရောက်မေးမြန်းမှုစသည့်တို့ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

ဂျကန်ယာကူဆာ အီဘီဆာဝါနှင့် အတူထိုင်းနိုင်ငံသား ကြံရာပါ တဦးတို့သည်အ​မေရီကန်နိုင်ငံတွင် ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများနှင့် တရားစွဲဆို ခံထားရပြီး ဖြစ်သည်။

သတင်း

ထုတ်ပယ်ခံထားရသည့် အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်စေ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ အတူတကွ ပြန်လည်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။