Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

မေလ ၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် မိုင်းရှင်းထွက်လာသော စစ်သားများအား တော်လှန်ရေးအင်အားစုများက နှစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကိုင်းတိုင်း တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် တပ်မ (၃၃)မှထွက်လာသော စစ်ကောင်စီယာဥ်တန်းနှင့် မိုင်းလာရှင်းသော စစ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မေလ ၁၀ရက်) နံနက် ၆ နာရီခန့်ကမုံရွာ – မန္တလေးလမ်းပိုင်းတစ်နေရာတွင် မိုင်းရှင်းလင်းနေသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောသည်။

အလားတူ ညနေ ၃ နာရီခန့်တွင်လည်း မုံရွာ – မန္တလေးလမ်းမပေါ် ဖြတ်သန်းလာသော စစ်ကောင်စီယာဥ်တန်းအား ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါယာဥ်တန်း မိုင်းထိမှန်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။

“ကားက ၆ စီးလာတာ။ စစ်ကိုင်း တပ်မ (၃၃) ထဲက လာတာပါ။ နှစ်စီးမြောက်မှာ ဆွဲတာ။”ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“မနေ့က မုံရွာ – မန္တလေးလမ်းပေါ် မိုင်းကွဲတာတွေရှိတယ်။ ပြည်သူတွေရဲ့ကားတွေဆိုင်ကယ်တွေလည်း ရပ်ခိုင်းထားတာတွေ့တယ်။”ဟု မြင်းမူဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ဆင်ရေးများကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Eagle People Defense Force၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂)တို့ ပူးပေါင်းမိုင်းဆွဲခဲ့သည်ဟု သိရသည်။

မေလ ၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် မိုင်းရှင်းထွက်လာသော စစ်သားများအား တော်လှန်ရေးအင်အားစုများက နှစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။