Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

မေလ ၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် မိုင်းရှင်းထွက်လာသော စစ်သားများအား တော်လှန်ရေးအင်အားစုများက နှစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကိုင်းတိုင်း တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် တပ်မ (၃၃)မှထွက်လာသော စစ်ကောင်စီယာဥ်တန်းနှင့် မိုင်းလာရှင်းသော စစ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မေလ ၁၀ရက်) နံနက် ၆ နာရီခန့်ကမုံရွာ – မန္တလေးလမ်းပိုင်းတစ်နေရာတွင် မိုင်းရှင်းလင်းနေသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောသည်။

အလားတူ ညနေ ၃ နာရီခန့်တွင်လည်း မုံရွာ – မန္တလေးလမ်းမပေါ် ဖြတ်သန်းလာသော စစ်ကောင်စီယာဥ်တန်းအား ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါယာဥ်တန်း မိုင်းထိမှန်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။

“ကားက ၆ စီးလာတာ။ စစ်ကိုင်း တပ်မ (၃၃) ထဲက လာတာပါ။ နှစ်စီးမြောက်မှာ ဆွဲတာ။”ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“မနေ့က မုံရွာ – မန္တလေးလမ်းပေါ် မိုင်းကွဲတာတွေရှိတယ်။ ပြည်သူတွေရဲ့ကားတွေဆိုင်ကယ်တွေလည်း ရပ်ခိုင်းထားတာတွေ့တယ်။”ဟု မြင်းမူဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ဆင်ရေးများကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Eagle People Defense Force၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂)တို့ ပူးပေါင်းမိုင်းဆွဲခဲ့သည်ဟု သိရသည်။

မေလ ၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် မိုင်းရှင်းထွက်လာသော စစ်သားများအား တော်လှန်ရေးအင်အားစုများက နှစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။