Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်တွင်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်တပ်က ပြည်သူနှစ်ဦးပစ်သတ်ပြီး တစ်ဦး ဖမ်းခေါ်သွား

Chack Guerrilla Force - CGF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CGF

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ​ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ပူးပေါင်းအဖွဲ့များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Chack Guerrilla Force – CGF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၅ ရက်)နံနက် ၆ နာရီ ၄၅ ခန့်က ပျူစောထီးအားကောင်းသော ကုန်ကြီးရွာမှတဆင့် ထိန်စမ်းကျေးရွာဘက်သို့ စစ် ကြောင်းထိုးလာစဥ် ပူးပေါင်းအဖွဲ့များနှင့်အ တူ ကြားဖြတ်ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ကျနော်တို့ပစ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီး ကျည်ထိမှန်ပြီး ၆ ယောက်လောက် ထိခိုက်သေဆုံးနိုင်တယ်လို့ ခန့်မှန်းရတယ်”ဟု Chauk Guerrilla Force – CGF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုခံရသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကုန်းကြီးရွာမှတဆင့် ချောက်မြို့ဘက်သို့ ပြန်ဆုတ်သွားပြီး ပြန်ဆုတ် ထိန်စမ်းကျေးရွာမှ အသက်(၃၀)ကျော် အမျိုးသားနှစ်ဦးကို ပစ်သတ်သွားပြီး အခြားအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်သွားကြောင်း CGF တာဝန်ရှိသူက ဆက်ပြောသည်။

“ဒီကောင်တွေပြန်ဆုတ်သွားလို့ ကျနော်တို့ နယ်မြေရှင်းလင်းရေးပြန်လုပ်တဲ့အချိန်မှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းနှစ်ခုကို ရှာတွေ့ခဲ့တာ။ သတ်တာတော့ တော်တော်လေးကို ရက်ရက်စက်စက်သတ်သွားကြတာဗျ။ ဦးခေါင်းနောက်စေ့ဘက်ကနေ တေ့ပစ်သွားပုံပဲ။ နောက်စေ့တွေပွင့်ပြီး မျက်လုံးတွေပါ ထွက်နေတာ”ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

ထို့နောက် ရုပ်အလောင်းနှစ်ခုကို ထုပ်ပိုးသယ်ဆောင်၍ ထိန်စမ်းရွာမှ သေဆုံးသူနှစ်ဦး၏ မိသားစုများထံ ပေးပို့အပ်နှံပြီး ကောင်းမွန်စွာ သင်္ဂြုလ်ပေးခဲ့ကြောင်း Chack Guerrilla Force – CGFအဖွဲ့က ဆိုသည်။

အလားတူ ယနေ့နံနက်တွင်လည်း ထိန်စမ်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ရင်း စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ရောက်လာနိုင်ခြေရှိ၍ ကျေးရွာအတွင်းမှ ပြည်သူများအား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ကယ်ထုတ်ရွှေ့ပြောင်းပေးထား​ကြောင်း စုံစမ်းသိရသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုကို ချောက် ပကဖ၊ Chack Guerrilla Force – CGF၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစု စသည်တို့မှ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်၊တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မကွေးခရိုင် မှ ကျဆုံးရဲဘော် အာဇာနည်များအား ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ် တောင်သာကျေးရွာအနီး တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို သေနတ်ပစ်ဖောက် အလေးပြုပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်က ၁၀ ဦး သေဆုံးပြီး ဒရုန်းနဲ့လက်နက်ခဲယမ်းတချို့ သိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဒီကနေ့ ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ )က ဒီကနေ့ ဇွန်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။