Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းတွင် သံဃာတော်နှစ်ပါးလိုက်ပါလာသောကား တိမ်းမှောက်

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် သံဃာတော်နှစ်ပါးလိုက်ပါလာသော ကားတစ်စီးတိမ်းမှောက်ပြီး အဆိုပါ သံဃာတော်နှစ်ပါး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

အမြန်လမ်းတွင် သံဃာတော်နှစ်ပါးလိုက်ပါလာသော ကားတစ်စီးတိမ်းမှောက်အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ − KV)

မိထက်/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် သံဃာတော်နှစ်ပါးလိုက်ပါလာသော ကားတစ်စီးတိမ်းမှောက်ပြီး အဆိုပါ သံဃာတော်နှစ်ပါး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်မောင်းနှင့် သံဃာတော်နှစ်ပါးလိုက်ပါလာသည့် ကားတစ်စီးသည် ယ‌နေ့ (ဇန်နဝါရီ ၂၃ရက်) ညနေ ၃နာရီခန့်တွင် အမြန်လမ်းမိုင်တိုင် (၁၅၁)အနီး၌ နောက်ဘီးပေါက်ပြီး လမ်းဘေးထိုးကျသွားခြင်းဟု အဆိုပါယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။

ဒဏ်ရသည့် သံဃာတော်နှစ်ပါးကို တောင်ငူဆေးရုံသို့ပို့ဆောင်ကုသပေးနေပြီး အခြေအနေမစိုးရိမ်ရကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ပုဂံကနေဘုရားဖူးပြီးပြန်လာတာ။ အမြန်လမ်းပေါ်မှာ ဒီရက်ပိုင်းတွေ ကားအက်စီးဒင့်မကြာခဏဖြစ်တဲ့သတင်းတွေကြားရတယ်။ သတိရှိရင်တော့ကောင်းတာပေါ့ဗျာ”ဟု တောင်ငူမြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် ဇန်နဝါရီ ၂၂ရက်ကလည်း ရန်ကုန် – နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် (၁၀၈)အနီးတွင် ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပြီး လူတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့က နာမည်ကျော်စာသင်တိုက်ဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ကျောင်းနေ ရဟန်းသာမဏေတွေ အချိန်အခါမဟုတ် အစားအသောက်တွေ ဝယ်မစားဖို့ ဆရာတော်ကြီးတွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရွှေဝါရောင်တော်လှန်ရေးတွင်သံဃာတော်များနှင့် ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်စေရန်အတွက် တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည်။

သတင်း

တောင်ငူမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့(မေလ ၂၅ရက်)နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ၁မိုင်ခန့်သာဝေးသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

သတင်း

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။