Connect with us

Hi, what are you looking for?

သတင်း

မဟာဂန္ဓာရုံကျောင်းတိုက်က သံဃာတော်တွေ အချိန်အခါမဟုတ် အစားအသောက်တွေ ဝယ်မစားဖို့ အမိန့်ထုတ်

မန္တလေးတိုင်း၊ အမရပူရမြို့က နာမည်ကျော်စာသင်တိုက်ဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ကျောင်းနေ ရဟန်းသာမဏေတွေ အချိန်အခါမဟုတ် အစားအသောက်တွေ ဝယ်မစားဖို့ ဆရာတော်ကြီးတွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မဟာဂန္ဓာရုံကျောင်းတိုက်မှသံဃာ​တော်များဆွမ်းခံကြွချီစဥ်။ ဓာတ်ပုံ-CJ

နိုဝင်ဘာ ၂၇၊ ၂၀၂၅။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့က နာမည်ကျော်စာသင်တိုက်ဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ကျောင်းနေ ရဟန်းသာမဏေတွေ အချိန်အခါမဟုတ် အစားအသောက်တွေ ဝယ်မစားဖို့ ဆရာတော်ကြီးတွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အမရပူရမြို့က မဟာဂန္ဓာရုံကျောင်းတိုက်မှာ အစားအသောက်တွေကို အချိန်အခါမဟုတ် ဝယ်ယူစားသုံးတဲ့ ရဟန်းသာမဏေတွေကို ထိရောက်စွာ အရေးယူမယ်လို့ ကျောင်းတိုက်က ဆရာတော်ကြီးတွေက နိုဝင်ဘာ ၂၅ ရက်က အမိန့်ထုတ်ပါတယ်။

ဝယ်စားတဲ့ ရဟန်းသာမဏေတွေတင်မကဘဲ ရောင်းချသူတွေကိုပါ ထိရောက်စွာ အရေးယူမယ်လို့ ဆရာတော်ကြီးတွေက ဆိုပါတယ်။ ဓမ္မစက်နဲ့ မလိုက်နာပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး အာဏာစက်ဖြင့် ဆောင်ရွက်သွားမယ်လို့လည်း အမိန့်ကြေညာချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ မြန်မာပြည်ကဘုန်းကြီးတွေက အင်တာနက်ပေါ်ပလူပျံလာမှထထပြီးစာထုတ်ကြတယ်။ စာမထုတ်ရအောင်တာဝန်ယူဆောင်ရွက်ကြလေ။အခြားနေရာတွေလည်း အခုလိုအဖြစ်အပျက်မျိုးတွေအများကြီးရှိသေးတယ်။ဒီထက်ဆိုးတဲ့အခြေအနေတွေလည်းအများကြီးရှိသေးတယ်။အင်တာနက်ပေါ်မရောက်ခင်ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမှာလဲ။” လို့ ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဝေဖန်ပါတယ်။

အမိန့်ကြေညာချက်ကို လိုက်နာခြင်းရှိမရှိကို နာယက၊ အနုနာယက ဦးဆောင်တဲ့ ဂဏဝါစက ဆရာတော်ကြီးတွေက အခါအားလျော်စွာ စစ်ဆေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် မဟာဂန္ဓာရုံကျောင်းတိုက်ရဲ့ ဥပစာ၊ မဟာရံတံတိုင်းရဲ့ အရှေ့ဘက်မျက်နှာစာနဲ့ တောင်ဘက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မျက်နှာစာအတွင်း ဈေးရောင်းချခြင်းလုံးဝခွင့်မပြုတော့ဘူးလို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဝါရောင်တော်လှန်ရေးတွင်သံဃာတော်များနှင့် ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်စေရန်အတွက် တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည်။

သတင်း

ရန်ကုန် - မန္တလေး အမြန်လမ်းတွင် သံဃာတော်နှစ်ပါးလိုက်ပါလာသော ကားတစ်စီးတိမ်းမှောက်ပြီး အဆိုပါ သံဃာတော်နှစ်ပါး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ရမည်းသင်းရေဘေးလှူဒါန်းပြီး ပြန်လာသည့်သံဃာတော်များ၏ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ သံဃာတော်များ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ယမန်နေ့(ဇူလိုင်၂၈ရက်)က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ သက်တော်ဝါတော်ရ ဆရာတော်၊ သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ကံဆောင်ခြင်းပြုလုပ်ခဲ့သည်။