အိမ်သွင်/People’s Spring
အငြိမ်းစား မြန်မာစာပါမောက္ခမောင်ခင်မင်(ဓနုဖြူ)သည် ယနေ့(ဇန်နဝါရီ ၂၈ရက်)နံနက်အစောပိုင်း၌ ကွယ်လွန်သွားပြီဖြစ်သည်။
“ည ၁၂:၃၀မှာ ဖေဖေဦးခင်အေး (မောင်ခင်မင် ဓနုဖြူ) ရုတ်တရက် ကွယ်လွန်သွားပါပြီ”ဟုမောင်ခင်မင်(ဓနုဖြူ)၏ သမီးဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
မောင်ခင်မင်(ဓနုဖြူ)သည် မြန်မာစာပေလောက၌ ထင်ရှားသူတစ်ဦးဖြစ်သည်။

Public Service Announcement
၁၉၄၂ ဇန်နဝါရီ ၂ရက်တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၌ မွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန် အသက်(၈၄)နှစ်ရှိပြီ ဖြစ်သည်။
လူကြီးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်ခြင်းဟု မောင်ခင်မင်(ဓနုဖြူ)၏တပည့် စာရေးဆရာတစ်ဦးက ပြောသည်။
ရန်ကုန်တက္ကသိုလ်၌ မြန်မာစာပါမောက္ခအဖြစ် ၂၀၀၂တွင် အငြိမ်းစားယူခဲ့ပြီး မြန်မာစာပေနှင့် ပတ်သက်သော စာအုပ် ၃၀နီးပါး ရေသားခဲ့သည်။
