Connect with us

Hi, what are you looking for?

သတင်း

တရုတ် – မြန်မာနယ်စပ်အနီး တောမီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ တရုတ် – မြန်မာနယ်စပ်အနီး၌ တောမီးလောင်နေပြီး တရုတ်ဘက်မှလည်း လာရောက်မီးငြှိမ်းသတ်ပေးနေသည်။

မူဆယ်မြို့နယ်ရှိ တရုတ် - မြန်မာနယ်စပ်အနီး၌ တောမီးလောင်နေသည်ကို အဝေးကမြင်တွေ့ရစဉ်။ဓာတ်ပုံ - CJ

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ တရုတ် – မြန်မာနယ်စပ်အနီး၌ တောမီးလောင်နေပြီး တရုတ်ဘက်မှလည်း လာရောက်မီးငြှိမ်းသတ်ပေးနေသည်။

တရုတ်နိုင်ငံ၊ ကျယ်ခေါင်မြို့နှင့် နယ်စပ်ဖြစ်သော ဟိုဆောင်ရပ်ကွက်အတွင်း ယနေ့ (ဇန်နဝါရီ ၂၉ရက်) နေ့လယ်ပိုင်းတွင် တောမီးလောင်နေခြင်းဖြစ်သည်။

“တရုတ်ဘက်ကလည်း လာပြီး မီးကူငြှိမ်းပေးနေတယ်။ မီးသတ်အင်အားက လိုတော့ လိုသေးတယ်။ မီးက အရမ်းမြန်နေတယ်။ အိမ်တွေနဲ့ အရမ်းမဝေးဘူးလေ”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယခု တောမီးလောင်နေသည့်နေရာသည် မင်္ဂလာမူဆယ်အိမ်ယာနှင့် မလှမ်းမကမ်းနိုင်ရှိသည်။ ညနေ ၃နာရီခန့်အထိ မီးငြှိမ်းသတ်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မီးခိုးမြူတွေကြောင့် ဖြစ်ပေါ်တဲ့ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနဲ့ မြန်မာတို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

သတင်း

ကိုဗစ် ကပ်ရောဂါ ကာလတုန်းက ထုတ်ပြန်ခဲ့တဲ့ နယ်စပ် အဝင်အထွက် ကန့်သတ် အမိန့်တွေက တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးနဲ့ ဝင်ထွက်သွားလာမှု ကဏ္ဍတွေအပေါ် လက်ရှိ အချိန်ထိ သက်ရောက်မှုတွေ ရှိနေဆဲလို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့သူကို သေဆုံးလျက် ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။