Connect with us

Hi, what are you looking for?

သတင်း

တရုတ် – မြန်မာနယ်စပ်အနီး တောမီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ တရုတ် – မြန်မာနယ်စပ်အနီး၌ တောမီးလောင်နေပြီး တရုတ်ဘက်မှလည်း လာရောက်မီးငြှိမ်းသတ်ပေးနေသည်။

မူဆယ်မြို့နယ်ရှိ တရုတ် - မြန်မာနယ်စပ်အနီး၌ တောမီးလောင်နေသည်ကို အဝေးကမြင်တွေ့ရစဉ်။ဓာတ်ပုံ - CJ

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ တရုတ် – မြန်မာနယ်စပ်အနီး၌ တောမီးလောင်နေပြီး တရုတ်ဘက်မှလည်း လာရောက်မီးငြှိမ်းသတ်ပေးနေသည်။

တရုတ်နိုင်ငံ၊ ကျယ်ခေါင်မြို့နှင့် နယ်စပ်ဖြစ်သော ဟိုဆောင်ရပ်ကွက်အတွင်း ယနေ့ (ဇန်နဝါရီ ၂၉ရက်) နေ့လယ်ပိုင်းတွင် တောမီးလောင်နေခြင်းဖြစ်သည်။

“တရုတ်ဘက်ကလည်း လာပြီး မီးကူငြှိမ်းပေးနေတယ်။ မီးသတ်အင်အားက လိုတော့ လိုသေးတယ်။ မီးက အရမ်းမြန်နေတယ်။ အိမ်တွေနဲ့ အရမ်းမဝေးဘူးလေ”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယခု တောမီးလောင်နေသည့်နေရာသည် မင်္ဂလာမူဆယ်အိမ်ယာနှင့် မလှမ်းမကမ်းနိုင်ရှိသည်။ ညနေ ၃နာရီခန့်အထိ မီးငြှိမ်းသတ်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၌ တောမီးမှတဆင့် စက်သုံးဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက လော့စ်အန်ဂျလိစ်မြို့မှာ ရှိရင်းစွဲ တောမီးတွေကို မီးသတ်တပ်ဖွဲ့တွေက ခက်ခက်ခဲခဲ ငြှိမ်းသတ်နေတုန်း နောက်ထပ် အားကောင်းတဲ့၊ ပျံ့နှံ့နှုန်း မြန်ဆန်တဲ့ တောမီးအသစ် စတင် လောင်ကျွမ်းလာတာနဲ့ ကြုံနေရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံရဲ့ လော့စ်အန်ဂျလိစ်မြို့မှာ အပြင်းအထန် ကူးစက် လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၄ ဦးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့ တဝိုက်မှာ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ ၅ ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရပါတယ်။