Connect with us

Hi, what are you looking for?

သတင်း

စစ်ဖိနပ်​အောက်တွင်ရှိ​နေ​သေး​ကြောင်း ရန်ကုန်တွင်သတိ​ပေးစာတန်းချိတ်ဆွဲဆန္ဒပြ

သုည/People’s Spring

ရန်ကုန်မြို့တစ်နေရာတွင် စစ်တပ် အာဏာသိမ်း မှု(၄) နှစ်ပြည့်သည့်​နေ့တွင် စစ်ဖိနပ်​အောက်တွင်ပင် ရှိ​နေ​သေး​ကြောင်း စာတန်းချိတ်၍ လှုံ့ဆော်ဆန္ဒပြခဲ့သည်။

တော်လှန်လူငယ်များက “We Are Still Under the Military’s Boots”၊ “ကျွန်ုပ်တို့သည် စစ်ဖိနပ်အောက်တွင် ရှိနေဆဲဖြစ်သည်” စာတန်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြရန် လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို Yangon Revolution Force – YRF အဖွဲ့က လူငယ်များက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1392784615020188

ရုပ်သံ – YRF

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။