Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း မိုင်းရှင်းလင်းရေး AA စတင်

ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးမြို့တွင် AA ရဲဘော်များ မိုင်းရှင်းနေစဉ်။ ဓာတ်ပုံ - Golden Era Media

ကဖေး/People’s Spring

ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးမြို့တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီထောင်ထားခဲ့သည့်မြေမြုပ်မိုင်းများကို အာရက္ခတပ်တော်(AA)က ရှင်းလင်း ရေးလုပ်ဆောင်နေသည်။

သျှစ်သောင်းဘုရားနှင့် ကိုးသောင်းဘုရားများအနီးဝန်းကျင်တွင် မိုင်ရှင်လင်း‌ ရေးလုပ်ဆောင်နေခြင်းဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

မြောက်ဦးမြို့ကို AAက ၂၀၂၄ ဖေဖော်ဝါရီ၂၈ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ မသိမ်းပိုက်မီ တိုက်ပွဲများပြင်းထန်နေစဉ် ၂၀၂၃ ခရစ်စမတ်ကာလနှင့် ၂ဝ၂၄ ဇန်နဝါရီတွင် မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့ (World Heritage) စာရင်းဝင်ရန် အဆိုပြုထားသည်ကိုသိ လျက် စစ်ကောင်စီက ရည်ရွယ်ချက်ရှိ ရှိ ပစ်ခတ်ဖျက်ဆီးခြင်းဖြစ်ပြီး ထို လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဟု AAက ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကြားကာလအမွေအနှစ် ထိန်းသိမ်းရေးကော်မရှင်ကလည်း ရခိုင်တိုင်းရင်းသားတို့၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များထားရှိရာ မြောက်ဦးပြတိုက်အား စစ်ကောင်စီက တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုံ့ချ ကြောင်းနှင့်အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

” မြောက်ဦးက ရခိုင်ပြည်သူတွေရော ပုဂံလိုပဲ အားလုံးရဲ့ အသည်းနှလုံးဖြစ်တယ်။ အရေးတကြီးထိန်းသိမ်းဖို့လိုတဲ့နေရာဖြစ်တယ်”ဟု မြောက်ဦးဒေသခံတစ်ဦးကပြောသည်။

သိမ်းပိုက်ထားသည့်မြို့များ၌ စစ်ကောင်စီထောင်ထားခဲ့သည့်မိုင်းများရှိနေသေးပြီး ပြည်သူများအနေဖြင့် မိုင်း အန္တရာယ်သတိပြုကြရန် AAက သတိပေးချက်ထုတ်ပြန်ထားသည်။

AAသည် ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့မှလွဲ၍ ကျန်မြို့များအားလုံးကို တိုက်ခိုက်သိမ်းယူထားသည်။ လက်ရှိတွင် စစ်တွေမြို့အနီး၌ တိုက်ပွဲဖြစ်ပွားနေသလို ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှမြို့နယ် အချို့တွင်လည်း AA နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ငပြီကျွန်းတိုက်ပွဲမှာစစ်သားအလောင်း ၄၀ ခန့်ရပြီး၂၀ ကျော်ဖမ်းမိဟု​စစ်​ရေးသတင်းရင်းမြစ်​ပြော