Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KYO

သုည/People’s Spring

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ကရင်ပြည်နယ် ဒူးပလာယာခရိုင်မှာ ကေဝိုင်အို – ကရင်လူငယ်အစည်းအရုံး ဗဟို၊ ခရိုင်နဲ့ မြို့နယ်ရှိ ကရင်လူငယ်တွေ ဦးဆောင်ပြီး (၇၇)နှစ်မြောက် ကရင်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယနေ့ခေတ် ကရင်လူငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရသော ဒေသအတွင်း မူးယစ်ဆေးဝါး စိန်ခေါ်မှုတွေ၊ နိုင်ငံရေး မျှော်မှန်းချက် သဘောထားတွေနဲ့ အကြမ်းဖက်စစ်တပ်မှ အတင်းအဓ္ဓမ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာ သဘောထားတွေကို ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားကိုင်ဆောင်ပြီး ဒီကနေ့မှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KYO

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရဲ့ ဒုတိုင်းမှုး နေရာကို စစ်ကောင်စီက အပြောင်းအလဲပြုလုပ်လိုက်တယ်လို့သိရပါတယ်။

သတင်း

တိုက်ပွဲများပြင်းထန်၍ ကရင်နီပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod Englishက ယနေ့(မတ်လ ၁၁ရက်) ဖော်ပြသည်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကျောက်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစါပါး ပျံလွန်တော်မူခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဆောင်းပါး

ကရင်ပြည်နယ် ၊မြဝတီ ​ဒေသမှာ ကျားဖြန့် နှိမ်နင်း​ရေးအ​ကြောင်းပြပြီး စစ်​ကောင်စီက အင်အားတိုးနယ်​မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးစား​နေတဲ့အ​ကြောင်း ဒီတစ်ပါတ်မှာ ​ပြောပြပါမယ် ။