Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KYO

သုည/People’s Spring

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ကရင်ပြည်နယ် ဒူးပလာယာခရိုင်မှာ ကေဝိုင်အို – ကရင်လူငယ်အစည်းအရုံး ဗဟို၊ ခရိုင်နဲ့ မြို့နယ်ရှိ ကရင်လူငယ်တွေ ဦးဆောင်ပြီး (၇၇)နှစ်မြောက် ကရင်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယနေ့ခေတ် ကရင်လူငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရသော ဒေသအတွင်း မူးယစ်ဆေးဝါး စိန်ခေါ်မှုတွေ၊ နိုင်ငံရေး မျှော်မှန်းချက် သဘောထားတွေနဲ့ အကြမ်းဖက်စစ်တပ်မှ အတင်းအဓ္ဓမ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာ သဘောထားတွေကို ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားကိုင်ဆောင်ပြီး ဒီကနေ့မှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KYO

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။