Connect with us

Hi, what are you looking for?

သတင်း

ချီဖွေတွင်စစ်ရှောင်များ၏ ယာယီတဲများ ရေမျောသွား၍ အမိုးအကာ၊ အဝတ်အထည် နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင်ရေကြီး၍စစ်ဘေးရှောင်များ၏ယာယီတဲများရေထဲမျောပါသွား​သောကြောင့်ရေဘေးသင့် စစ်ရှောင်များအတွက် အရေးပေါ် အကူအညီများလိုအပ်နေသည်။

ဇွန်-၂၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင်ရေကြီး၍စစ်ဘေးရှောင်များ၏ယာယီတဲများရေထဲမျောပါသွား​သောကြောင့်ရေဘေးသင့် စစ်ရှောင်များအတွက် အရေးပေါ် အကူအညီများလိုအပ်နေသည်။

မေလကုန်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းမိုးများ၍ မေခ၊ မလိခမြစ်များရေကြီးခဲ့ပြီး ဧရာ၀တီမြစ်ရေသည်လည်းမြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ်အနီးအထိ ရောက်ရှိခဲ့သည်။

“ချီဖွေမြို့မှာ စစ်ရှောင်ဒုက္ခသည်စခန်းတွေရဲ့တဲတွေ၊ယာယီတဲတွေရေထဲမျောပါသွားကုန်တာ။ပြီးရင် စစ်ရှောင်လူဦးရေကလည်းများတော့စစ်ရှောင်တွေက အခုကနေစရာအမိုးအကာနဲ့ အဝတ်အထည်ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရှောင်များသည် ၂၀၂၄ နှစ်လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကချင်အထူးဒေသ(၁) သိမ်းပိုက်သည့် စစ်ဆင်ရေးဖော်ဆောင်စဉ် ချီဖွေသို့ လာရောက်တိမ်းရှောင်ခိုလှုံကြသူ အများစုဖြစ်ပြီး လူဦးရေ ထောင်ချီရှိသည်ဟု သိရသည်။

စစ်ရှောင်အများစုသည်ကန်ပိုက်တီ၊ဆဒုံးဝိုင်းမော် ဒေသများမှ ချီဖွေသို့ တိမ်းရှောင်နေကြရသူများဖြစ်သည်ဟုသတင်းရင်းမြစ်က ပြောသည်။

(ချီ​ဖွေမြို့နယ်တွင်​ရေကြီး​နေစဥ်။ဓါတ်ပုံ-KZ၊CJ )

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။