ဇွန်-၂၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင်ရေကြီး၍စစ်ဘေးရှောင်များ၏ယာယီတဲများရေထဲမျောပါသွားသောကြောင့်ရေဘေးသင့် စစ်ရှောင်များအတွက် အရေးပေါ် အကူအညီများလိုအပ်နေသည်။
မေလကုန်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းမိုးများ၍ မေခ၊ မလိခမြစ်များရေကြီးခဲ့ပြီး ဧရာ၀တီမြစ်ရေသည်လည်းမြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ်အနီးအထိ ရောက်ရှိခဲ့သည်။
“ချီဖွေမြို့မှာ စစ်ရှောင်ဒုက္ခသည်စခန်းတွေရဲ့တဲတွေ၊ယာယီတဲတွေရေထဲမျောပါသွားကုန်တာ။ပြီးရင် စစ်ရှောင်လူဦးရေကလည်းများတော့စစ်ရှောင်တွေက အခုကနေစရာအမိုးအကာနဲ့ အဝတ်အထည်ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
စစ်ရှောင်များသည် ၂၀၂၄ နှစ်လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကချင်အထူးဒေသ(၁) သိမ်းပိုက်သည့် စစ်ဆင်ရေးဖော်ဆောင်စဉ် ချီဖွေသို့ လာရောက်တိမ်းရှောင်ခိုလှုံကြသူ အများစုဖြစ်ပြီး လူဦးရေ ထောင်ချီရှိသည်ဟု သိရသည်။
စစ်ရှောင်အများစုသည်ကန်ပိုက်တီ၊ဆဒုံးဝိုင်းမော် ဒေသများမှ ချီဖွေသို့ တိမ်းရှောင်နေကြရသူများဖြစ်သည်ဟုသတင်းရင်းမြစ်က ပြောသည်။
(ချီဖွေမြို့နယ်တွင်ရေကြီးနေစဥ်။ဓါတ်ပုံ-KZ၊CJ )




















































