Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံဖွား ရှမ်းလူငယ်အချို့ ဂိုဏ်းဖွဲ့ပြီး ခိုက်ရန်ဖြစ်ပွားတဲ့လုပ်ရပ်ကို ဆန့်ကျင်တယ်လို့ RCSS ဆို

ထိုင်းနိုင်ငံရဲ့မြို့ကြီးတွေမှာထိုင်းနိုင်ငံဖွားရှမ်းလူငယ်အချို့ ဂိုဏ်းဖွဲ့ပြီး ရိုက်နှက်တာ ၊ ခိုက်ရန်ဖြစ်ပွားတဲ့လုပ်ရပ်တွေကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဆန့်ကျင်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၂ ရက်မှာကြေညာချက်ထုတ်လာပါတယ်။

ချင်းမိုင်က ဓားခုတ်မှုနဲ့ပတ်သက်ပြီး ဖမ်းခံရသူတွေကိုတွေ့ရပုံ

အောက်တိုဘာ – ၂ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ထိုင်းနိုင်ငံရဲ့မြို့ကြီးတွေမှာထိုင်းနိုင်ငံဖွားရှမ်းလူငယ်အချို့ ဂိုဏ်းဖွဲ့ပြီး ရိုက်နှက်တာ ၊ ခိုက်ရန်ဖြစ်ပွားတဲ့လုပ်ရပ်တွေကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဆန့်ကျင်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၂ ရက်မှာကြေညာချက်ထုတ်လာပါတယ်။

ပြည်တွင်းနိုင်ငံရေး ၊ စစ်ရေးအခြေအနေတွေကြောင့် ရှမ်းလူမျိုးအများအပြားဟာ ထိုင်းနိုင်ငံထဲကို ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး လုပ်ကိုင်စားသောက်နေထိုင်နေကြတာ နှစ်ပေါင်းများစွာကြာမြင့်ပြီလို့ RCSS ကဆိုပါတယ်။

ရှမ်းလူမျိုးအများစုက ထိုင်းနိုင်ငံရဲ့ ဥပဒေကို လိုက်နာပေမယ့် အနည်းစုရဲ့ လုပ်ရပ်တွေကြောင့် ထိုင်းကိုရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသား တွေရဲ့ နေထိုင်လုပ်ကိုင်စားသောက်မှုကို ထိခိုက်စေရုံသာမက အထင်မှားတာ ၊အထင်သေးတာကိုလည်းခံနေရတယ်လို့ RCSS က ကြေညာချက်မှာထည့်သွင်းထားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံဖွား ရှမ်းလူငယ်အချို့ ရဲ့ ဂိုဏ်း ဖွဲ့ပြီး ရိုက်နှက်တာ ၊ ခိုက်ရန်ဖြစ်ပွားတဲ့ အပြုအမှုတွေကို ဆန့်ကျင်တယ်လို့ RCSS ကဆိုထားပြီး ထိုင်းလူမျိုးတွေနဲ့ဟန်ချက်ညီစွာ နေထိုင်ကြဖို့ ၊ ထိုင်း ဥပဒေတွေကို လေးစားလိုက်နာကြဖို့ ထိုင်းရောက် ရှမ်းတိုင်းရင်းသားတွေကို RCSS က ကြေညာချက်က တဆင့် တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ​၊ချင်းမိုင်မြို့မှာ မိန်းကလေးတစ်ဦး လက်ပြတ်သွားတဲ့အထိ ဓားခုတ်မှုဖြစ်ခဲ့ပြီး ကျုးလွန်တဲ့ ဂိုဏ်းခေါင်းဆောင်ကိုပါ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ၁၆ ရက် ညပိုင်းက ဖြစ်စဉ်မှာ မြန်မာနိုင်ငံသားတချို့အပါအဝင် ဆိုင်ကယ်စီး လူငယ်အုပ်စုဟာ ကျောင်းသားလူငယ် နှစ်ဦးနဲ့ ကျောင်းသူ မိန်းကလေးတို့ကို ဓားနဲ့ လိုက်ခုတ်ခဲ့တာကြောင့်ယောက်ျားလေးနှစ်ယောက်ဒဏ်ရာပြင်းပြင်း ထန်ထန် ရခဲ့သလို မိန်းကလေးကတော့ လက်တစ်ဖက်ပါ ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ် အပြီးမှာတော့ ရဲတပ်ဖွဲ့ဟာ ကျုးလွန်သူတွေကို အပူတပြင်း ခြေရာခံ ရှာဖွေခဲ့ပြီး ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိသူတွေဟာ အပြင်းအထန် နာကျင်စေမှု၊ တရားမဝင် လက်နက်ကိုင်ဆောင် ရမ်းကားမှု အပါအဝင် ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တွေနဲ့ တရားရင်ဆိုင်ရမှာဖြစ်ပြီး ပြစ်ဒဏ်တွေ ကျခံရပြီးရင်လည်း ထိုင်းနိုင်ငံကနေ နှင်ထုတ်တာ ခံရမယ်လို့ ထိုင်းရဲတွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။