Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရဲတပ်ကြပ်အား ပစ်ခတ်သူ ဖမ်းမိရေးကူညီပေးဖို့ ထိုင်းအာဏာပိုင်တွေက KNUထံ တောင်းဆိုခဲ့

မဲဆောက်မြို့က ထိုင်းရဲတပ်ကြပ်အား ပစ်ခတ်ပြီးနောက် ထွက်ပြေးပုန်းရှောင်နေသော မြန်မာလူငယ်တစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

မဲဆောက်မြို့က ထိုင်းရဲတပ်ကြပ်အား ပစ်ခတ်ပြီးနောက် ထွက်ပြေးပုန်းရှောင်နေသော မြန်မာလူငယ်တစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၀ရက်ညနေက ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်-အုန်းဖန်(Mae Sot – Um Phang)လမ်း မဲကု(Mae Ku)တိုက်နယ်မှာ ဖြစ်ခဲ့တဲ့ ထိုင်းရဲတပ်ကြပ် တစ်ဦး ပစ်ခတ်ခံရမှု အပေါ် ကျူးလွန်သူဖမ်းဆီးရမိရေး ကူညီပေးဖို့ ထိုင်းအာဏာပိုင်တွေက တောင်းဆိုလာတဲ့အပေါ် KNLAက ဖမ်းဆီးပြီး လွှဲပြောင်း ပေးအပ်ခဲ့မှုကို အသိပေးလာတာဖြစ်ပါတယ်။

ပစ်ခတ်မှုကျူးလွန်သူဟာ မြန်မာပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်တဲ့အပေါ် ထိုင်းဘက်က KNU ကို အသိပေး အကြောင်းကြားကာ ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်း၀န်းဖမ်းဆီးပေးဖို့ အကူအညီတောင်းလာလို့ KNU လက်အောက်ခံ KNLA တပ်ရင်း(၂၈) တပ်ရင်းမှူး ဗိုလ်ဒါဘောက ဦးဆောင်ပြီး ပြစ်မှူကျူးလွန်သူ နဂါးကြီး (ခ) နိုင်လင်းအောင်အား ဇန်နဝါရီ ၂၁ရက် ညပိုင်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျူးလွန်သူကို မြဝတီမြို့နယ်၊ ဖလူးဒေသမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၂ရက် မနက် ၁၀နာရီမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မဟာ၀မ်ကျေးရွာအုပ်စု “မဲကိုကင်း” ကျေးရွာမှာ ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်း ပေးအပ်ခဲ့တာလို့ အသိပေးထားပါတယ်။

ထိုင်းရဲတပ်ကြပ်ကို ပစ်ခတ်ခဲ့သူဟာ အရင်က ဗိုလ်ဒါဘောတပ်ဖွဲ့က ဖြစ်ပေမယ့် တပ်ကနေ ထွက်သွားတာ ကြာပြီဖြစ်ကာ တော်လှန်ရေးနဲ့ မပတ်သတ်တော့သူ ဖြစ်တယ်လို့ ကော်ဘရာ စစ်ကြောင်းနဲ့ နီးစပ်သူက ပြောပြထားပါတယ်။

“သူက ထိုင်းရဲသေနတ်နဲ့ ပစ်ပြီးတော့ ပြေးစရာနေရာ မရှိဘူး ဖြစ်နေတယ် ထင်ပါတယ်။ အဲဒီမှာ ဗိုလ်ဒါဘောဆီ သွားအဖမ်းခံတာ။ ဗိုလ်ဒါဘောကလည်း KNUနဲ့ ထိုင်းနဲ့ဘဆက်ဆံပတ်သက်မှုတွေဆိုတော့ သွားအပ်ပေးတာ။ သူက အရင်က ဗိုလ်ဒါဘောဆီမှာ ထွက်သွားတာ ကြာပြီ။ တော်လှန်ရေးနဲ့ ဘာမှမပတ်သက်တော့ဘူး။ တချို့တွေက တော်လှန်ရေး ပုံဖျက်သလို ရေးနေတာ”လို့ ၎င်းက ပြောပါတယ်။

ထိုင်းရဲ သေနတ်နဲ့ ပစ်ခတ်သူ နဂါးကြီးကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ ဖြစ်စဉ်သရုပ်ပြမှုတွေ လုပ်ခဲ့ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအပေါ် ပုံဖျက်ရေးသားမှုတွေ ရှိနေတယ်လို့လည်းသူက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ကျူးလွန်သူနဂါးကြီးနဲ့အတူ ပါလာတဲ့ ဆိုင်ကယ်မောင်းသူကိုတော့ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့နေရာမှာပဲ ဖမ်းမိထားတာဖြစ်ပါတယ်။

ဓာတ်ပုံ – KNU

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။