Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမရှိတာဆက်ထိန်းဖို့၊အခြားလက်နက်ကိုင်တပ်တွေနဲ့မပူးပေါင်းဖို့ SSPPကို

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-SSPP/SSA

စစ်ကောင်စီပြော

ဇွန်-၁၇၊၂၀၂၆။ထားမြတ်/People’s Spring

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ၁၂ရက်ကအာ​ဏာသိမ်းစစ်တပ်နဲ့SSPPကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို SSPP က အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

SSPP/SSAဘက်ကဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်အုပ်စုက ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် တို့ပါဝင်တဲ့ အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲမှာ SSPPက နိုင်ငံရေး ပြဿနာ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ အပါအဝင် အချက် ၇ချက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်နေကြောင်း SSPP ဘက်က ဆွေးနွေးခဲ့သလို ယုံကြည်မှုထိခိုက်ခဲ့တဲ့ ဖြစ်စဉ်များ ထပ်မဖြစ်အောင်၊နှစ်ဖက်အကြားအငြင်းပွားလာပါက ဆွေးနွေးညှိနှိုင်း မှုနဲ့ ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ပါတယ်။

လက်ရှိထိတွေ့မှုမရှိသလို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု မရှိဟုလည်းစစ်တပ်ကို SSPPက ဆွေးနွေးခဲ့ပါတယ်။

စစ်တပ်ဘက်ကလည်း အချက် ၆ချက်ကို ဆွေးနွေးခဲ့ရာဒေသတည်ငြိမ်ရေး ၊ဖွံဖြိုးရေးတိုအတွက်ပူးပေါင်းဆောင်ရွက်ဖို့၊အခြားလက်နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့၊ နှစ်ဖက် သဘောတူစာချုပ်တွေကို လေးစားဖို့၊ ဇူလိုင်လမှာ ထပ်မံ တွေ့ဆုံဖို့ တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အခြားလက်နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့ ဆိုတဲ့စစ်အုပ်စုရဲ့ဆွေးနွေးချက်အပေါ် SSPP ရဲ့ သဘောထား မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

SSPPနဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲကြီးကြီးမားမားမရှိခဲ့ပေမယ့်SSPPနယ်မြေအတွင်းမှာမူးယစ်ဆေးဝါးချက်စက်ရုံတွေ ဖမ်းမိတာ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဖမ်းမိတာ ရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီး အဲဒီလိုဖမ်းမိရာမှာSSPPတပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်းဖော်ပြထားတာတွေရှိခဲ့ပါတယ်။

SSPP ဘက်ကတော့ စစ်တပ်ရဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်တဲ့ ကြေညာချက်တွေထုတ်ပြန်ခဲ့ရာ အခုနှစ် ဇန်နဝါရီလ SSPP ကြေညာချက်မှာတော့ တရားမဝင်လုပ်ငန်းတွေနဲ့ မပတ်သက်ဟု ငြင်းဆိုခဲ့သလို ၂၀၂၅ နှစ်ကုန်ပိုင်း ကြေညာချက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမရှိရေး ကြပ်မတ်မယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမူးယစ်/ရဲတပ်ဖွဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ အဖွဲဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု ရှိကြောင်း ထုတ်ပြန်မှုဟာ နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPPက တုန့်ပြန်ခဲ့ပါတယ်။

အခု တွေ့ဆုံပွဲမှာလည်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်မယ်ဆိုပြီး ဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

ဆောင်းပါး

နယ်စပ်ဒေသတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ မဲမဲမြင်ရာ ရန်ရှာနေတဲ့ စစ်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ်က ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဧရိယာထဲမှာ အရပ်ဘက်အရေးဆောင်ရွက်နေတဲ့ LGBT လူငယ်သုံးဦးအပါအဝင် အရပ်သား လေးဦးကို ဖမ်းဆီးပြီးရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြန်ပါတယ်။