Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ မြန်မာလုပ်သားတွေ ဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်​နေ

(၂၀၂၆ ဇွန်လ ၁၆ရက်က တရားမဝင်နည်းလမ်းနဲ့ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေရဲ့ ကားကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - ตำรวจทางหลวง)

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring

ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ဇွန်လ ၁၆ရက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်အဝေးပြေးလမ်းမ တစ်နေရာမှာ ပျက်နေတဲ့ ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ကူညီဖို့စစ်ဆေးရာ အလုံအပိတ်ခန်းအတွင်း တရားမဝင်နည်းလမ်းနဲ့ လိုက်ပါလာတဲ့ မြန်မာ ၃၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကားရဲ့နောက်အလုံပိတ်အခန်းအတွင်းလိုက်ပါလာတဲ့ မြန်မာလုပ်သား ၃၃ ဦးဟာ စာရွက်စာတန်းတွေ ပြသနိုင်တာ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လ ၁၅ရက်ကလည်း ထိုင်းနိုင်ငံ ၊ ရယောင်းခရိုင်၊ ပလွက်ဒန်းမြို့နယ်က Joy E-Tech Co., Ltd ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင် လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၂၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။

အဲဒီ မြန်မာလုပ်သား ၂၅ဦးဟာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်နေတာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ဒါ့အပြင် ဇွန်လ ၁၁ရက်ကလည်း ပထုံထာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေတယ်ဆိုပြီး မြန်မာလုပ်သား ၂၇ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ထိုင်းအာဏာပိုင်တွေက စီမံချက် ၃လဆိုပြီး ချမှတ်ကာ နိုင်ငံတဝန်းက ပြည်ပရွှေ့ပြောင်းလုပ်သားတွေနဲ့ တရားမဝင်နေထိုင်သူတွေကို စစ်ဆေးဖမ်းဆီးနေတာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ လက်ရှိမှာ စီမံချက်ကာလ တစ်လသာ ရှိသေးပြီး ၂လ နီးပါး ကျန်သေးတယ်လို့လည်း ဆိုပါတယ်။

“အခုက စာသောက်ဆိုင်တွေလည်း ဝင်စစ်တယ်။ထိုင်းနာမည်ခံပြီး ဖွင့်ထားတဲ့ ဆိုင်တွေ၊ ဟိုတယ်တွေ စစ်တယ်။ အလုပ်သမားရုံတွေကို ဝင်စစ်တာတွေ ရှိတယ်။ အရင်က ထိုင်းတောင်ပိုင်းတွေ ချင်းမိုင်လိုနေရာတွေမပါဘူး။ အခုတော့ အဲဒီတွေမှာလည်း ဖမ်းနေတာပဲ”လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူ ကိုမင်းဦးက ပြောပါတယ်။

၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းနဲ့ လုံခြုံရေးအကြောင်းပြပြီး နယ်စပ်ဝင်ပေါက်တွေက တရားမဝင်နည်းတွေနဲ့ ဝင်ရောက်လာသူတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာလုပ်သားတွေ ထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ လုပ်ငန်း​တွေရပ်ဆိုင်းကုန်တာ၊ စီးပွား​ရေးကြပ်တည်းလာတာ​ကြောင့် အလုပ်အကိုင်ရှားပါးတာ၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ မနေရဲတာနဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေကြောင့် လူငယ်အများအပြားဟာ ထိုင်းနိုင်ငံအတွင်းကို အလုံးအရင်းနဲ့ သွားရောက်ပြီးရရာအလုပ်လုပ်ကိုင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။