Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဘန်ကောက်မြို့ကစစ်တပ်သံရုံး နှင်းဆီပန်းသွားပေးသူ ဖမ်းဆီးခံရ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဇွန်-၁၉၊ ၂၀၂၆/ဒီဒီးPeople’s Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီကနေ့ (ဇွန်လ ၁၉)မနက်ပိုင်းမှာ ကိုနေရှိုင်းနဲ့ အဖွဲ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အာဏာသိမ်းစစ်တပ်သံရုံးရှေ့ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်း ၈၁ ပွင့် သွားပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြုချက် တောင်းခံမှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အေအေစီမဟာမိတ်က ဦးခိုင်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ခွင့်ပြုချက်မတင်လို့ဆိုပြီးခေါ်သွားတာပေါ့။ မလေးရှားက ကိုနေရှိုင်းကို ခေါ်သွားတာ။ ပြန်လွှတ်ပေးမယ်လည်း ပြောနေတယ်။ ကျနော်တို့ ဖြေရှင်းနေဆဲပါ”လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ကိုနေရှိုင်းဟာဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် မနေ့က ဇွန်လ ၁၈ရက်ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်းသွားပေးခဲ့သေးပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်းနေရာအနှံ့အပြားမှာ “နှင်းဆီလှုပ်ရှားမှု” (ပန်းသပိတ်) နဲ့ ဆန္ဒပြမှုတွေကို ပုံစုံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က နိုင်ငံတကာသံရုံးတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဆုမွန်ကောင်းတောင်းဆိုတာတွေ လုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။