Connect with us

Hi, what are you looking for?

သတင်း

ချင်းမိုင်းမှာခွင့်မပြုချက်မရှိဘဲလုပ်ကိုင်တဲ့မြန်မာဧည့်လမ်းညွှန်ကို ထိုင်းရဲ အသွင်ယူဖမ်းဆီး

ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတွေဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် – ၁၄ ၊၂၀၂၆

ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတွေဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ကိုစောလို့ နာမည်ဖော်ပြထားတဲ့ အသက် ၃၉ နှစ်အရွယ် မြန်မာ အမျိုးသားဟာ ချင်းမိုင်မှာရှိတဲ့ ထင်ရှားတဲ့ ဘုရားကျောင်း တစ်ခုမှာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတုန်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းမှာ ဧည့်လမ်းညွှန် အလုပ်ဟာ ထိုင်းနိုင်ငံသားတွေ အတွက်သာ ကန့်သတ်ထားပြီး ပြည်ပနိုင်ငံသားတွေ ပါဝင်လုပ်ကိုင်ခွင့်ကို တားဆီးထားပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က ကမ္ဘာလှည့် ခရီးသွား ရဲဌာနရဲ့ အရာရှိတွေဟာ မက္ကဆီကို ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် အသွင်ယူပြီး ဝတ်ချက်ဒီ လူယန်းမှာ ကိုစောကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက ကိုစောဟာ တရားဝင် ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတာ ၃ နှစ် ရှိပြီလို့ စွပ်စွဲထားပါတယ်။ ကိုစောဟာ ချင်းရိုင်ကနေ ချင်းမိုင်ကို တစ်ညအိပ် နှစ်ရက် ခရီးစဉ်အတွက် ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်ပေးမယ့်အကြောင်း Facebookပေါ်မှာ ကြော်ငြာထားခဲ့ပြီး ဝန်ဆောင်ခအဖြစ် လူတစ်ဦးစီကနေ ဘတ် ၉၀၀၀ တောင်းယူခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေက သူ့ကို ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်မှု၊ မှတ်ပုံတင်ထားတဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲတဲ့ ယာည်အသုံးပြုမှု၊ အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ ထိုင်းမှာ အသက်မွေး အလုပ်လုပ်မှု အပါအဝင် စွဲချက်တချို့နဲ့ ထိန်းသိမ်းထားပါတယ်။

ကိုစောကို ဖမ်းဆီးပြီးတဲ့နောက် ကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့က သူ့ကို ချင်းမိုင်ရဲစခန်းဆီ လွှဲပြောင်းပေးခဲ့ကြောင်းလည်း သိရပါတယ်။

ထိုင်းမှာ တရားဝင် ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ခြေရာခံ ဖော်ထုတ် ဖမ်းဆီးမှုတွေကို အရှိန်မြှင့် ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ကိုးကား ၊ ဓာတ်ပုံ – Khaosod

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာစက်ရုံကပြန်လာတဲ့ မြန်မာလုပ်သားတွေရဲ့ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၆၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ အစည်းအဝေး ကျင်းပတဲ့ နေရာနားမှာ လူပေါင်း ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ကလေးသူငယ် လိင်အမြတ်ထုတ်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေအတွက် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (အင်တာပိုလ်)က အလိုရှိကြောင်း Red Notice ထုတ်ပြန်ထားတဲ့ တောင်ကိုရီးယား အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ နိုင်ငံရေးကနေ အနားယူပြီး အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိနေကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။