အောက်တိုဘာ-၁၁၊၂၀၂၆။သုည/People’s Spring
ဂျာမနီနိုင်ငံ Bielefeld မြို့မှာပြည်ပရောက်မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် Free Her Campaign ကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံရောက် မြန်မာတွေက “Free Her” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ ကိုင်ဆောင်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ဖို့အရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင်မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် ထောက်ခံကြောင်းလည်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement
ယင်းဆန္ဒပြပွဲကို Myanmar Community In NRW အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။



















































