Connect with us

Hi, what are you looking for?

သတင်း

ထိုင်းတရားရုံးရဲ့ဖမ်းဝရမ်းထုတ်ခံရသူဗိုလ်မှုးချုပ်စောမုတ်သုန်လူမြင် ကွင်းကနေပျောက်နေ

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သြဂုတ်လ ၅ ရက်က ဗိုလ်မှုးချုပ်စောမုတ်သုန်ကို တွေ့ရပုံ။ ဓာတ်ပုံ - မြဆည်းဆာဘိုးဘွားများခိုလှုံရာရိပ်သာ

စက်တင်ဘာ – ၁၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

BGF အမှတ် (၄) တပ်နယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန်ကို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထိုင်းတရားရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာ ဖမ်းဝရမ်း ထုတ်ထားတာပါ။

ထိုင်းဘက်က ဖမ်း၀ရမ်းထုတ်ထားပြီးနောက် ဩဂုတ်လ ၅ ရက်နေ့အထိ ဗိုလ်မှုးချုပ်စောမုတ်သုန်ဟာမွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်၊မြဆည်းဆာဘိုးဘွားများခိုလှုံရာရိပ်သာမှာ သူ့ရဲ့ မိခင်နဲ့အတူ အလှူအတန်းပြုလုပ်နေတဲ့ မြင်ကွင်းကို ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာတွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ တော့ ဗိုလ်မှုးချုပ်စောမုတ်သုန်တစ်ယောက် လူမြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာဟာ မနေ့ (ဩဂုတ်လ ၃၁ ရက်) အထိ ဖြစ်ပါတယ်။

မြ၀တီမြို့ပေါ်က ပွဲလမ်းသဘင်မှန်သမျှ သူ့ရဲ့လက်အောက်ငယ်သား တပည့်တပန်းတွေနဲ့ အမြဲလိုလိုတက်ရောက်နေတဲ့ BGF ခေါင်းဆောင်ဗိုလ်မှုးချုပ်စောမုတ်သုန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ဩဂုတ် ၂၈ ရက်က မြ၀တီမြို့၊ ကရင်အမျိုးသားထာ၀ရနှစ်သစ်ကူးကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်ရိုးရာလက်ချည်ပွဲမှာလည်း တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

ကရင်ရိုးရာလက်ချည်ပွဲအပြင် သြဂုတ်လအတွင်း မြ၀တီမြို့ပေါ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြီးပွဲငယ်မှန်သမျှ တက်ရောက်တာမရှိဘဲ လူမြင်ကွင်းကနေပျောက်ကွယ်နေတာပါ။

ဗိုလ်မှုးချုပ်စောမုတ်သုန်နဲ့ သူ့တပ်ဖွဲ့တချို့ဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသမှာရှိတဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော်(DKBA)ထံ ဘက်ပြောင်းဝင်ရောက်သွားတယ်လို့ သတင်းတွေထွက်သလို မြိုင်ကြီးငူဒေသတစ်ဖက်ကမ်း ကမမောင်းမြို့အနီးက မီးဇိုင်းတောင်ခြေမှာ ရောက်ရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

People’s Spring အနေနဲ့ အဲဒီသတင်းတွေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိ မြိုင်ကြီးငူဒေသအတွင်းမှာ တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော်(DKBA)တပ်ဖွဲ့တွေလည်းရှိနေပြီး ကမမောင်းမြို့အနီးက မီးဇိုင်းတောင်ခြေဒေသဟာ အရင်က DKBA တပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တဲ့ စခန်းတစ်ခုလည်း ဖြစ်ခဲ့ဖူးပါတယ်။

အရင်က DKBA တပ်နဲ့ စစ်တပ်တို့ မီးဇိုင်းဒေသဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး နောက်ပိုင်း(၂၀၁၉ ခုနှစ်)ဝန်းကျင်ကာလမှာ မီးဇိုင်းတောင်ခြေမှာရှိတဲ့ DKBA က အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ထံ အလင်းဝင်သွားတာပါ။

ကရင်ပြည်နယ်အတွင်းမှာ DKBA နာမည်နဲ့ တပ်ဖွဲ့ သုံးဖွဲ့ရှိနေပါတယ်။ ပထမတစ်ဖွဲ့ကတော့အပစ်ရပ် NCA ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဖြစ်ပြီး ဒုတိယတစ်ဖွဲ့ကတော့ ဗိုလ်ဘိဦးဆောင်တဲ့ ဘားအံမြို့နယ်၊ ကြာအင်းပေါ်တော်မူအထူးဒေသက တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော်(DKBA)ဖြစ်ပါတယ်။

ဗိုလ်ဘိဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်နေခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

နောက်ထပ် DKBA အဖွဲ့ကတော့ မြိုင်ကြီးငူဆရာတော်ရဲ့လက်အောက်မှာရှိပြီး သာသနာပြုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပေးနေတဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော်(DKBA)အဖွဲ့ဖြစ်ပါတယ်။

ဗိုလ်မှုးချုပ်စောမုတ်သုန် ဘက်ပြောင်းသွားတယ်လို့သတင်းထွက်တဲ့ DKBA အဖွဲ့ဟာ မြိုင်ကြီးငူမှာအခြေစိုက်ပြီး စစ်ရေးစစ်ရာမှာ မပါဝင်ဘဲ သာသနာပြုလုပ်ငန်းတွေမှာသာ ပါဝင်လုပ်ဆောင်နေတဲ့ DKBA အဖွဲ့ဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပြပါတယ်။

ဗိုလ်မှုးချုပ်စောမုတ်သုန်ဟာ အရင်က တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော်(DKBA)မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်မှာ DKBA ကနေ BGF ကို ကူးပြောင်းသွားတဲ့အထဲမှာ ဗိုလ်မုတ်သုန်ဦးဆောင်တဲ့ တပ်ရင်းလည်းပါဝင်ကာ BGF ၁၀၂၂ တပ်ရင်းအဖြစ် မြ၀တီမြို့ မဲကနယ်မှာ အခြေစိုက်ထားပါတယ်။

လက်ရှိမှာတော့ ဗိုလ်မှုးချုပ်စောမုတ်သုန်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ် ၁၀၂၂ တပ်ရင်းမှုးနဲ့ တပ်နယ် ၄ တပ်နယ်မှုးအဖြစ် တာဝန်ယူထားသလို ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook