Hi, what are you looking for?
အထက်ပါ ခေါင်းစဥ်ကတော့ ပုသိမ်မောင်စိမ်းသူရေးပြီး မင်းမင်းလတ်ဆိုထားတဲ့ သီချင်းတပုဒ်ရဲ့အမည်ပါ။ ဒီသီချင်းကို ကျနော်အရင်က သေသေချာချာ မသိခဲ့ဖူးဘူး။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကမှ တရင်းတနှီးရှိလာတာ။ ဘယ်လိုဖြစ်လို့ ရင်းနှီးမိသလဲဆိုတော့ ပန်းချီကိုထိန်လင်း ရေးတဲ့ လူကက်ဆက်ထဲကနေ အဲဒီသီချင်းအကြောင်းဖတ်မိလို့လို့ ပြောရမှာပဲ။