Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မှာ SNAတပ်ဖွဲ့ဝင်က စစ်ရှောင်မသန်စွမ်းအမျိုးသမီးကို အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာစစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်နှစ်ဦးက စစ်​ဘေး​ရှောင်မသန်စွမ်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးက အဓမ္မပြုကျင့်ခဲ့လို့ အမှုမှန်ကို ပေါ်ပေါက်အောင်ဝိုင်းဝန်းကြိုးစားပေးဖို့ ဒေသခံတွေကတောင်းဆိုနေပါတယ်။

SNA မှတပ်ဖွဲ့ဝင်​တွေကို အခမ်းအနားတစ်ခုမှာ​တွေ့ရစဥ်။ဓါတ်ပုံ-SNA

နိုဝင်ဘာ-၂၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာစစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်နှစ်ဦးက စစ်​ဘေး​ရှောင်မသန်စွမ်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးက အဓမ္မပြုကျင့်ခဲ့လို့ အမှုမှန်ကို ပေါ်ပေါက်အောင်ဝိုင်းဝန်းကြိုးစားပေးဖို့ ဒေသခံတွေကတောင်းဆိုနေပါတယ်။

ဗန်းမောက်မြို့နယ်၊အလယ်ရွာကသီလရှင်ကျောင်းမှာမိခင်ဖြစ်သူနဲ့အတူ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးကို SNA တပ်သားနှစ်ဦးက အောက်တိုဘာလ၃၀ ရက်နေ့ညမှာ ဖမ်းဆီးသွားပြီး တစ်ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ ဖြစ်စဥ်ကိုသိတဲ့ဒေသခံတစ်ဦးကပြောပါတယ်။

“ကလေးမလေးက အတက်ရောဂါရှိတယ်။ရှမ်းနီတပ်ဖွဲ့က ပြင်းထန်တဲ့ရာဇဝတ်မှုကျူးလွန်တာ”လို့အဲဒီဒေသခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျူးလွန်သူဟာ SNAတပ်မဟာ(၆၁၄)ကဖြစ်ပြီး ကျူးလွန်ခံရသူက အသက် ၃၀ကျော်အရွယ် ဒေသခံ ကဒူးတိုင်းရင်းသူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ပိုလိုယိုရောဂါကြောင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူလို့လည်းသိရပါတယ်။ဒီ မတရားမှုကိုဝိုင်းဝန်းဖော်ထုတ်ပေးဖို့နဲ့ အမှုမှန်ပေါ် ပေါက်အောင်ကြိုးစားပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေပါတယ်။ ရှမ်းနီတပ်-SNA ဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်နဲ့ပူး​ပေါင်းပြီး စစ်တပ်ဆီက လက်နက်ခဲယမ်း​တွေရခဲ့သလို စစ်တပ်ကို ကူညီပြီး ​တော်လှန်​ရေးတပ်​တွေကိုတိုက်ခိုက်​နေတဲ့ ပြည်သူ့စစ်လို လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

အလယ်ရွာက ဗန်းမောက်မြို့အပြင်ဘက်ကရွာဖြစ်ပါတယ်။ မူလက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ရွာဖြစ်ပြီး စစ်ကောင်စီနဲ့ SNA တပ်တွေ ပြန်ပြီးထိုးစစ်ဆင်လာလို့ စက်တင်ဘာလကုန်ပိုင်းမှာပြန်ဆုတ်ခဲ့ရတဲ့ရွာဖြစ်ပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ ကဒူးလူငယ်တွေပါဝင်တဲ့PDFတွေလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ဝါဖြန့် ဆိုရှယ်မီဒီယာတွေက ရှမ်းနီနဲ့ ကဒူးတိုင်းရင်းသားတွေကြား သွေးခွဲတဲ့ ရေသားမှုတွေနဲ့ လှုံ့ဆော်နေတာတွေ့ရပါတယ်။အခုဖြစ်စဥ်မှာလည်းရွာထဲကို SNA တပ်ဖွဲ့ဝင်တွေဝင်ရောက်လာချိန်မှာ ကျူးလွန်ခြင်းဖြစ်ပြီး ကျန်တဲ့ဒေသခံတွေလည်းစိုးရိမ်နေကြရတယ်လို့ သတင်းရရှိပါတယ်။

“စစ်ဘေးရှောင်တွေက အဆင်ပြေတဲ့နေရာမှာနေကြရတာ။တိုက်ပွဲတွေအပြင် အခုလို လူမဆန်တဲ့လုပ်ရပ်တွေကိုလည်းရင်ဆိုင်နေကြရတယ်။ ဘာပဲဖြစ်ဖြစ်ဒီအမှုကိုတရားမျှတမှုရချင်တယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်နဲ့ SNAထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို NUG ၊ကာကွယ်​ရေးဝန်ကြီးဌာန​၊အမှတ်(၁)စစ်​ဒေသရဲ့ ကွပ်ကဲမှုနဲ့ PDF​တွေနဲ့မဟာမိတ် တပ်ဖွဲ့တွေက စက်တင်ဘာလ၁၅ရက် နေ့မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ပြီးစက်တင်ဘာ ၂၁ ရက်မှာ မြို့နဲ့ ဘေးရွာတချို့ကိုထိန်းချုပ်ခဲ့ပါတယ်။

စက်တင်ဘာလနှောင်းပိုင်းမှာ စစ်တပ်နဲ့ SNAတပ်တွေက ပြန်ပြီးထိုးစစ်ဆင်လာလို့ အလယ်ရွာအပါအဝင် ရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြန်လည် လက်လွှတ်ခဲ့ရပါတယ်။ လက်ရှိမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ​တော်လှန်​ရေးတပ်​တွေက ဗန်း​မောက်မြို့ကို ထိန်းချုပ်ထားတယ်လို့သိရပါတယ်။

အဓမ္မပြုကျင့်သူကို SNAက ပြန်ဖမ်းထားတယ်လို့သတင်းရပေမယ့်အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။ စစ်သားလိုအပ်ချက်များနေလို့ အရေးမယူဘဲပြန်လွှတ်မှာလို့ ဒေသခံတွေကယူဆနေပါတယ်။ ကျူးလွန်ခံရတဲ့အမျိုးသမီးနဲ့ပတ်သက်လို့ အခက်အခဲတွေကြားကန ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုတွေ ပေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

SNAဟာ စစ်တပ် လက်​အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ ဗန်းမောက်၊ ဟုမ္မလင်း၊တမူး၊ကလေးမြို့နယ်တွေအပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ ပါဝင်တိုက်ခိုက်နေပါတယ်။ SNAရဲ့ လုပ်ရပ်နဲ့ ရပ်တည်ချက်အပေါ် ရှမ်းနီတိုင်းရင်းသားတွေကဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ သင်္ကြန်ကာလ ရေကစားကြမယ့်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအစဥ်တွေထားရှိဖို့နဲ့ ခိုက်ရန်မဖြစ်စေချင်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မသန်စွမ်းသူတွေရဲ့ သွားလာလှုပ်ရှားတဲ့ ပုံစံကို ဟာသအနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အောင်ဇဗ္ဗူ ဇာတ်အဖွဲ့ကို စစ်ကောင်စီလက်‌‌အောက်ခံ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ကပြခွင့် တစ်နှစ်ပိတ်လိုက်တယ်ပါတယ်။

သတင်း

ဗန်မောက်မြို့နယ်မှာ အသေးစားရွှေလုပ်ကွက်တွေ လုပ်ခွင့်ရဖို့ ဒေသခံတွေ နဲ့ စစ်ဘေးရှောင်တွေကဖေ​ဖော်ဝါရီ ၉ ရက်​နေ့က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာထားရတယ်လို့ မြေပြင်မှာရှိ​နေတဲ့ ရဲဘော်အချို့က ပြောပါတယ်။