Connect with us

Hi, what are you looking for?

သတင်း

ကပစ(၂၂)မှထွက်လာတဲ့ စစ်​ကြောင်းမှစစ်သား၃ ဦးကိုလက်နက်ခဲယမ်းနဲ့တကွ PDF ​တွေဖမ်းဆီး

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းမှစစ်သားသုံးဦးအရှင်ဖမ်းမိပြီး အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ Young Revolution Front (YRF)က တာဝန်ရှိသူ ကိုလွင်မိုးသန့်က လူထုနွေဦးကို ပြောပါတယ်။

ဖမ်းမိတဲ့ စစ်သုံ့ပန်း ၃ ဦးနဲ့ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-YRF

နိုဝင်ဘာ-၂ ၊ ၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းမှစစ်သားသုံးဦးအရှင်ဖမ်းမိပြီး အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ Young Revolution Front (YRF)က တာဝန်ရှိသူ ကိုလွင်မိုးသန့်က လူထုနွေဦးကို ပြောပါတယ်။

ဆိပ်ဖြူ​အခြေစိုက် အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၂ ) ကနေတပ်မ (၉၉) လက်အောက်ခံ တပ်ရင်းသုံးရင်းကအောက်တိုဘာလ၂၉ ရက်နေ့က စပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားတဲ့ အင်အား ( ၄၀၀ ) ဝန်းကျင်က အောက်တိုဘာ ၂၉ ရက်က ရေတွက်ရွာစာသင် ကျောင်းမှာ ညအိပ်စခန်းချပြီး အောက်တိုဘာ ၃၀ ရက်ညနေပိုင်းမှာ ရှားပင်ရေရွာနှင့် ရိုးကြီးအနီးပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် အောက်တိုဘာလ ၃၁ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ ချက်ကန်ရွာအနီးက ပုသိမ်-မုံရွာလမ်းမပေါ်သို့ရောက်ရှိလာလို့ YRF နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်း ရဲဘော်တွေ စစ်တပ်စစ်ကြောင်းကို အနီးကပ်စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

မနက်အစောပိုင်းမှာချက်ကန်ရွာစာသင်ကျောင်းအတွင်းကိုစစ်တပ်စစ်ကြောင်းဝင်ရောက်ခဲ့ပြီး အနီးကပ်စောင့်ကြည့်နေစဥ် ရွာထဲကအိမ်တွေကို မွှေနှောက်မီးရှို့ကာ ပြည်သူနေအိမ်တွေကနေ ကြက် ၊ ဝက် တို့ကို သတ်ဖြတ်စားသောက်ဖို့လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနက်၂နာရီလောက်မှာ စာသင်ကျောင်းထဲ ရောက်တယ်။နားပြီးတော့ ၄ နာရီခွဲ ၅ နာရီလောက်မှာကျွန်တော်တို့ကလည်းနောက်ကနေ ကပ်လိုက်ခဲ့တာဆိုတော့ အနီးဝန်းကျင်ကို စောင့်ကြည့်တယ်။အဲဒီမှာ ပြည်သူတွေရဲ့နေအိမ်တွေကို မွှေနှောက်မီးရှို့၊ဝက်တွေသက်စား။ကြက်တွေ လိုက်ပါတ်ခိုး။အဲဒီအနီးဝန်းကျင်က အိမ်တစ်အိမ်ကို ရောက်လာတယ်။သုံးယောက်မှာတစ်ယောက်က အလက်မပါဘူး။ကျန်တဲ့ နှစ်ယောက်က MA 2 တစ်လက် MA 3 တစ်လက် နဲ့သူတို့ရဲ့စစ်ဝတ်တန်ဆာအပြည့်အစုံနဲ့ပေါ့။အဲဒီလို အချိန်သူတို့ပတ်ဝန်းကျင်မှာ တခြားသူတို့တပ်သားတွေ ရှိမနေတဲ့အတွက်အိမ်ကိုဝိုင်းပြီး တစ်ခါတည်းဝင်ဖမ်းလိုက်တာ”လို့ကိုလွင်မိုးသန့်က ​​ပြောပါတယ်။

စစ်သား သုဦးကိုင်ဆောင်တဲ့ လက် နက်နှစ်လက်နဲ့အတူ ကျည် ၊ လက်ပစ်ဗုံး ၊ ၆၀မမ ဗုံးသီး ၊ အီနာဂါ ၊ နင်းမိုင်း ၊ RPGအဖူး ၊ ကျည်ကာပြား ၊ ကျည်ဘောက်အပိုအများအပြားနဲ့ စစ်ဝတ်တန်ဆာတွေပါ သိမ်းရခဲ့ပါတယ်။

စစ်သား ၃ ဦးကိုဖမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အောက် တိုဘာ၃၁ ရက်နေ့နေ့လယ်ပိုင်းမှာ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ပင်တောင်ရွာကို တစ်ကြောင်းဝင်ရောက်ပြီး ဒီးဒုတ်ကွင်းရွာ ဘက်ကိုတစ်ကြောင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီးဒုတ်ကွင်းရွာ အသွားလမ်းမှာ YRF တပ်ခွဲ ( ၂ ) နယ်မြေဖြစ်တဲ့အတွက်နယ်မြေရှင်းလင်းဝင်ရောက်ရင် စစ်ကောင်စီတပ်သားတွေ မိုင်းမိသေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

သေဆုံးစစ်ကောင်စီတပ်သားတွေထဲက တပ်သားနှစ်ဦးကို တွေ့ရှိခဲ့ပြီး ၄င်းတပ်သားတွေက ကျည်ကာအုပ်ထုပ်နဲ့ စစ်ဝတ်တန်ဆာ ၊ ခဲယမ်းအချို့ကို ထပ်သိမ်းနိုင်ခဲ့တယ်လို့ YRF က အသိပေးပါတယ်။

အခုစစ်ကြောင်းကပင်ပန်းမှုဒဏ်မခံနိုင်တာ အား အင်ချိနွဲ့လဲကျသူတွေလည်း အများအပြားရှိနေပြီး သွေးပျက်ကာ အလဲလဲအပြိုပြို နှင့် ညည်းညူနေသူများအများအပြားရှိနေတယ်လို့ YRF က ထုတ်ပြန်ထားပါတယ်။

လက်ရှိစစ်ရေးအရ ပေါက်ဆိပ်ဖြူလမ်းပိုင်းအား ရက်အကန့်အသက်မရှိပိတ်ထားတယ်လို့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ