Connect with us

Hi, what are you looking for?

သတင်း

PDF ရဲဘော်ရန်နိုင်စိုးရဲ့ဈာပန

စစ်ကိုင်းတိုင်းထဲမှာ နိုဝင်ဘာလ၁ရက်နေ့မှာဖြစ်တဲ့တိုက်ပွဲအတွင်း အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် (၂၆)တပ်ရင်းမှရဲဘော်ရန်နိုင်စိုး(ခ)ဇော်ဖြိုးဝေကျဆုံးခဲ့ပါတယ်။

ရဲဘော်ရန်နိုင်စိုးရဲ့ဈာပနကို ဒီ‌ကနေ့(နိုဝင်ဘာလ ၂ရက်နေ့ ) မှာပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြုလုပ်ခဲ့ပါတယ်။

ရဲဘော်ရန်နိုင်စိုးရဲ့ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတို့ကိုအစဉ်အောက်မေ့သတိရပြီး ပြည်သူ့တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂၆)တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ- အမှတ် (၂၆) ​ရွှေဘိုခရိုင်တပ်ရင်း

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

"အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တိုက်ပွဲကနားပြီး တခြားမှာတာဝန်ကျရင်တောင် အိမ်ပြန်ဖို့ကတော့မဖြစ်နိုင်သေးဘူး။ ဒီတော်လှန်ရေးမြန်မြန်ပြီးမှပဲ အဆင်ပြေမယ်"လို့ ကိုသူက သူဆန္ဒကိုပြောပါတယ်။

ဆောင်းပါး

သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့က အညာရဲ့မိုးသားတွေဟာ ကြည်ကြည်လင်လင်မရှိသေးဘူး။ ဝန်းကျင်ကတော့ တိတ်ဆိတ်နေတယ်။ အဲဒီအချိန် ရွှေဘိုခရိုင်ထဲက ရွာလေးတစ်ရွာက နေအိမ်ခြံဝင်းထဲကို PDF ရဲဘော်တွေ ဝင်ရောက်လာခဲ့ကြတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာအနီး လမ်းမှားရောက်လာသည့် PDF ရဲဘော်နှစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။