Connect with us

Hi, what are you looking for?

ကဗျာ

‘နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူးအနီ’

◼️လွန်းညီ
သွားတွေ ညီတယ်
အသွား အပြန် မတူတော့ဘူး။

အတူလာခဲ့ကြတဲ့လူတွေ
ညနေ နေမညိုခင်
အိမ်ပြန်နှင့်ကြပြီ။

တချို့က အိမ်ပြန်လို့မရတော့တာ
တချို့က အိမ်က ပြန်မလာကြတော့တာ။
တချို့က အိမ်ပြန်သွားကြတာ။

မီးလောင်ပြီးစ သွပ်ပြားစတွေ ဆွေးမြေ့နေချိန်ရောက်တော့
မနေ့က ညနေခင်းဟာ
ဒီကနေ့ ညနေခင်းနဲ့ မတူတော့ဘူး။

Public Service Announcement

Public Service Announcement

လမ်းတလျှောက်မှာ အလွမ်းခြေရာဟောင်းတွေ အလေ့ကျပေါက်နေခဲ့ပြီ။
ဖူးပွင့်ယစ်မူးခဲ့တဲ့ မျက်ရည်စတွေက
ပိုမိုရှင်သန်စေမယ့် ပန်းခင်းတခုပါ။

လေးနက်မှုနဲ့တန်ဖိုးထားမှုဆိုတာ အသေးအဖွဲလေးတွေကနေ စတင်သိရှိစေရဲ့
ပန်းပွင့်ပန်းစည်းလေးတွေကိုင်ဆောင်သွားရင်း အုတ်ဂူနီနီဆီ ချီတက်လမ်းလျှောက်ကြ။

မိုးရေလေး တပေါက်ချင်းကအစ
စဉ့်အိုးကို ပြည့်လျှံသွားစေပါတယ်။

မိုးရေလေးတပေါက်ချင်းကအစ
လမ်းတချို့ကို သွားမရအောင် ပျက်စီးစေတယ်။

တဖြည်းဖြည်းနဲ့ နီးကပ်လာပြီမို့
စိတ်နှစ်ခွနဲ့
အိပ်မရတဲ့ညတွေ များပြီ အနီ။

ဘာပဲဖြစ်ဖြစ် အနီရယ်
တော်လှန်ရေးဆိုတာ
ဝင်ပေါက်ထွက်ပေါက်ရှိတဲ့ တခါးတချပ်မှမဟုတ်ဘဲ။

နွေးထွေးတဲ့အနမ်းကိုရဖို့ ခါးသီး ခက်ခဲ ဝမ်းနည်းဖွယ်တွေ ကြုံရမယ်ဆိုတာကိုလည်း
ဇိမ်ခံကားပေါ်က တွေးမိတာမှ မဟုတ်ဘဲ။

ရောက်မလာသေးပေမယ့်
ရောက်အောင်သွားမယ်ဆိုတဲ့စိတ်နဲ့ သန်မာတဲ့ယုံကြည်ချက်၊ အာလုံးဟာ တဖျက်ဖျက် လူးလွန့်နေဆဲပါပဲအနီ။

တဖြည်းဖြည်းဝေးကွာသွားလို့မရတဲ့အရာတွေက
ရာသီဥတု၊ အစိုးရစိတ်၊ ပိုင်ဆိုင်ရခြင်း၊ တော်လှန်ရေးနဲ့ ချစ်ခြင်းမေတ္တာ။

အနီ သိလား
လူတယောက်ရဲ့ နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူး။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွန်းညီ’ ရေးဖွဲ့တဲ့ “​နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူးအနီ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...