Hi, what are you looking for?
ပဲခူးတိုင်း၊ ရေတာရှည်မြို့အနီး ကျွန်းတောကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အားဖေဖော်ဝါရီ ၂၄ရက်ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလယ်ပိုင်းတိုင်းစစ်ဒေသ တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC) ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)ခေါင်းဆောင်များဖြစ်သော စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းများကို Justice For Myanmarက ကြိုဆိုကြောင်းထုတ်ပြန်ခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။