Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေကို ဖြိုခွင်းဖို့ ထိုင်း-တရုတ်-မြန်မာ သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်မယ်လို့ဆို

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေအပါအဝင်နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ဖို့အတွက် ထိုင်း-တရုတ်-မြန်မာသုံးပွင့်ဆိုင် အစည်းအဝေး တစ်ရပ် ပြုလုပ်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ထိုင်း နှင့် ဗီယက်နမ် နိုင်ငံခြား​ရေး ဝန်ကြီးတို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ- TGPRD

People’s Spring

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေအပါအဝင်နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ဖို့အတွက် ထိုင်း-တရုတ်-မြန်မာသုံးပွင့်ဆိုင် အစည်းအဝေး တစ်ရပ် ပြုလုပ်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ် ပွန်ဆာက အဲဒီ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို မကြာခင်မှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ပြုလုပ်ဖို့ စီစဉ်နေပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို ဖိနှိပ်ချိုးနှိမ်မယ့် ရေရှည် အစီအမံတွေ ရေးဆွဲရေးအတွက် ရည်ရွယ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ကြုံနေတဲ့ အဲဒီ ဒုစရိုက်ဂိုဏ်းတွေရဲ့ ပြဿနာကို သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု ရလဒ်တွေနဲ့ဆိုရင် ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်မှု အပြည့် ရှိတယ်လို့လည်း မာရစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ ဆိုတာက ထိုင်းအစိုးရရဲ့ အမြဲတမ်း ဦးစားပေးအဆင့် ရည်မှန်းချက် တစ်ခုဖြစ်ပြီး အဲဒါကြောင့်လည်း တရုတ်နဲ့ ပူးပေါင်းပြီး လုံခြုံရေး လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင် ရေးဆွဲဖို့ စီစဉ်လာနိုင်ခဲ့တယ်လို့ မာရစ်က ဆက်ပြောပါတယ်။

အဲဒီ ပူးပေါင်း ဆောင်ရွက်မှုတွေထဲမှာ အိမ်နီးချင်း နိုင်ငံတွေမှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေကို ချေမှုန်းရေးနိုင်ရေး အကူအညီပေးဖို့ ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်တာလည်း အပါအဝင် ဖြစ်တယ်လို့ မာရစ်က ဆိုပါတယ်။

မာရစ်ဟာ ပြည်ပ ခရီးစဉ်အဖြစ် ဗီယက်နမ်ကို ရောက်ရှိနေချိန် အတောအတွင်းမှာ နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတွေကို အိမ်နီးချင်း နိုင်ငံ အစိုးရတွေနဲ့ ပူးပေါင်း နှိမ်နင်းရေး အစီအမံတွေအကြောင်း ထုတ်ဖော် ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံဟာ လူမှောင်ခိုမှုတွေနဲ့ ကျားဖြန့် လုပ်ငန်းတွေကို ဟန့်တားဖို့ ရည်ရွယ်ပြီး နယ်စပ်ဒေသတွေမှာ ပိုမိုတင်းကျပ်တဲ့ စစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံ၊လန်ကာဝီမြို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲမှာလည်း မာရစ်က ထိုင်းအစိုးရဟာ ပြည်သူတွေကို ကျားဖြန့်ဂိုဏ်းတွေနဲ့ လူမှောင်ခို လုပ်ငန်းတွေရဲ့ သားကောင်ဘဝကျရောက်မှုကနေအစွမ်းကုန် ကာကွယ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။