Connect with us

Hi, what are you looking for?

သတင်း

KIA ဌာနချုပ်လိုင်ဇာအနီးကို စစ်ကောင်စီ အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးကို စစ်ကောင်စီက အသေခံဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ယ​နေ့ လိုင်ဇာမြို့အနီး အသုံးပြုတိုက်ခိုက်ခဲ့​သော အ​သေခံဒရုန်း။ ဓာတ်ပုံ - KSSM)

◾️KIA တပ်မဟာ(၉)နယ်မြေ ဖားကန့်ဒေသကိုလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးကို စစ်ကောင်စီက အသေခံဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၅ရက်) နေ့လည် ၂နာရီခန့်တွင် လိုင်ဇာမြို့အနီးကို အသေခံ ဒရုန်း ၂စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုဆိုရင်တော့ သုံးလေးကြိမ်ရှိပါပြီ။ လိုင်ဇာအနီးတ၀ိုက်ကို လေကြောင်းကနေ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ ခုဏက လိုင်ဇာ ဒေသအနီးမှာ ၂နာရီဝန်းကျင်မှာ ၂ကြိမ်လောက်သူက အသေခံ ဒရုန်းနဲ့ တိုက်ခိုက်သွားတာ။ အဲဒီနောက်ပိုင်းမှာ လိုင်စင်ဘက်လည်း တစ်လုံး အသေခံဒရုန်းနဲ့ ဗုံးကြဲသွားတယ်လို့တော့ ကနဦးသိရှိထားပါတယ်။” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းကလည်း လိုင်ဇာမြို့အနီးကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း အဆောက်အဦး ပျက်စီးမှုရှိခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းကလည်း KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ ဖားကန့်ဒေသကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်၌ ထိခိုက်မှုမရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ လိုင်ဇာဌာနချုပ်အပါအဝင် KIAနယ်မြေအား လေကြောင်းတိုက်ခိုက်နေမှုသည် စစ်ကောင်စီက စစ်ရေးအရ ဖိအားပေးမှု ဖြစ်သည်ဟု စစ်ရေး၊နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

“အဓိကတော့ KIAကို စစ်ရေးအရ ဖိအားပေးတဲ့ သဘောလို့ ယူဆပါတယ်။ ပြောချင်တာက ငါတို့ လုပ်ချင်ရင် မင်းတို့ ပြည်သူတွေကို အချိန်မရွေး စစ်ရေးအရ လေကြောင်းကနေ တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သဘော ဖိအားပေးတာလို့ ရှုမြင်ပါတယ်။” ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ရေး၊နိုင်ငံရေးအဘက်ဘက်က ရှုံးနိမ့်နေသည့် စစ်ကောင်စီက ဒေသအသီးသီးကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူသေဆုံးထိခိုက်မှုများနေသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တော်လှန်ရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်းများ ယာယီရှောင်ရှားခြင်းဖြင့် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်ရန်လည်း ဦးဇော်ဆန်က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook