Connect with us

Hi, what are you looking for?

သတင်း

ကျောက်ခွက်ရေနံ​မှော်အနီး မင်္ဂလာဆောင်လေကြောင်းတိုက်ခိုက်မှု တိကျစွာသတင်းပေးသူကြောင့်ဟု မြိုင်ပကဖခေါင်းဆောင် ပြော

ကျောက်ခွက်ရေနံ​မှော်အနီး ဆုံကုန်းကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုမှာ တိတိကျကျသတင်းပေးပို့သူကြောင့်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယာက ပြောကြားသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီး၍ ဖရိုဖရဲဖြစ်နေသော မင်္ဂလာပွဲကျွေးမွေးဧည့်ခံမဏ္ဍပ်နှင့် ကျောင်းဆောင်တစ်ခုမှ ဘုရားခန်းပျက်စီးနေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - မြိုင် ပကဖ/ပေးပို့

◾️စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ဦး သေဆုံး၊ ၂၀ ဒဏ်ရာရ

ဒီးဒီ၊​နေ့သစ်/People’s Spring

ကျောက်ခွက်ရေနံ​မှော်အနီး ဆုံကုန်းကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုမှာ တိတိကျကျသတင်းပေးပို့သူကြောင့်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယာက ပြောကြားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒေသခံပြည်သူ ၁၁ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရသူ ၂၀ခန့်ရှိကြောင်း ဗိုလ်လက်ယာက ပြောသည်။

Public Service Announcement

Public Service Announcement

“တစ်ဦးကတော့ ကယ်ပါဦး ကိုယ်ကမီးတွေအရမ်းပူလို့ပါအော်နေချိန် ဖိုက်တာထပ်ပစ်တော့ မကယ်နိုင်ဘဲမီးထဲမှာသေဆုံးသွားတယ်။”ဟု မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်းပြောသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဆုံကုန်းကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ပေါက်မြို့နယ်၊ ဆုံကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မြိုင် ပကဖ အဖွဲ့ဝင် ရဲဘော်တစ်ဦး မင်္ဂလာပွဲကျင်းပနေစဥ် စစ်ကောင်စီလေတပ်မှ ပထမအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် လေယာဥ်ပစ်ဒုံးလေးလုံးဖြင့် ဒုတိယကြိမ်လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျောက်ခွက်ရေနံမှော်ရဲ့ အနောက်ဘက်ကို ချသွားတာပေါ့။ ဆုံကုန်းရွာဆိုတာက မြိုင်မြို့နယ်ထဲမပါဘူး။ ကတ္တရာလမ်းခြားတယ်။ အဲဒီလမ်းရဲ့ဟိုဘက်ဆိုတော့ ပေါက်မြို့နယ်ထဲပါတာပေါ့။ ဒီမနက် ၁၀ နာရီ ၄၇ က ပေါင် ၃၀၀ သို့မဟုတ် ၅၀၀ ပေါ့နော်။ ၃၀၀ လား၊ ၅၀၀ လား အတိအကျမသိရဘူး။ လာကြဲတယ်။ နောက် ၁၀ နာရီ ၂၅ လောက်မှာ ရော့ကတ်လေးလာပစ်တယ်။ ပြည်သူကတော့ ထိခိုက်ဒဏ် ရာရတာရော၊ သေတာရော၊ ဘာရောဆိုရင် ၅၀ဝန်းကျင်လောက်ရှိမယ်။ လောလောဆယ် အဲအနားကို မကပ်ရဲကြသေးဘူး”ဟု မြိုင် ပကဖမှ တာဝန်ရှိသူက ​ဖေ​ဖော်ဝါရီ ၂၅ ရက်​နေ့ မနက်ပိုင်းတွင် ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှုရှိလာနိုင်သောကြောင့် ဆုံကုန်းကျေးရွာအပါအဝင် နီးစပ်ရာ ကျေးရွာများမှ ပြည်သူများ ယာယီရွှေ့ပြောင်းနေရကြောင်း သိရသည်။

စစ်​ကောင်စီက နိုင်ငံတဝန်း ​နေစဥ်ဗုံးကြဲသတ်ဖြတ်​နေ​သောကာလတွင် တော်လှန်ရေးနယ်မြေတစ်ခု၌ လူစုလူဝေးဖြင့် အလှူ၊မင်္ဂလာဆောင်များတားမြစ်ထားခြင်းရှိ ၊မရှိအပေါ် မြိုင်ပကဖထံ မေးမြန်းရာ” ကျနော်တို့က လုံလုံခြုံခြုံလုပ်နိုင်မယ်ဆိုရင် လုပ်ပေါ့နော်။ မလုပ်ပါနဲ့လို့တော့ တားမြစ်ထားတာ၊ ခွင့်ပြုချက်ပေးထားတာ မရှိပါဘူး။ တချို့ကြလည်း အလှူလုံခြုံတယ်ဆိုရင် လုပ်မယ်။ သတင်းမကြားဘူးဆိုရင် ပိတ်ပင်ထားတာ မရှိပါဘူး။ ဒါပေမယ့် ပြည်သူတွေကိုတော့ လေကြောင်းသတိရှိဖို့နဲ့ ကိုယ့်ရဲ့ ရပ်ရွာတိုင်း၊ နေအိမ်တိုင်းကို ကတုပ်ကျင်းတွေ အသိစိတ်နဲ့ တူးထားဖို့ရာတော့ နှိုးဆော်ထားတာ ရှိပါတယ်”ဟု ပြောသည်။

စစ်​ကောင်စီသည် ၂၀၂၄ ဇွန်လမှ စက်တင်ဘာလအတွင်း ​လေ​ကြောင်းတိုက်ခိုက်မှု ၂,၁၅၅ ကြိမ်ပြုလုပ်ခဲ့​ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်​သောအချက်အလက်ရှာ​ဖွေ​ရေးအဖွဲ့-IIMM ၏ ​ခေါင်း​ဆောင် Nicholas Koumjianက ​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။