Hi, what are you looking for?
မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ထဲကျေးရွာအချို့ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအပြင် ဒရုန်းတွေနဲ့ပါ နိုဝင်ဘာလ ၁၆ ရက်က တိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ဘူးအားဒဲရွာနဲ့ လောဖလာသေ့ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ရာ သေဆုံး၊ ဒဏ်ရာရသူအားလုံးဟာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊မြစ်သားမြို့နယ်၊ရွှေမင်းဝန်ဘုရားပွဲမှာ မနေ့ (နိုဝင်ဘာ ၁၈ ရက်)ညပိုင်းကပစ်ခတ်မှုဖြစ်ပွားပြီးအာဏာသိမ်းစစ်တပ်လက်အောက်ခံလက်နက်ကိုင်ပျုစောထီးအချို့သေဆုံးသွားတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။