Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူမှာ တိုက်ပွဲဧရိယာကျယ်ပြန့်လာ၊ မြို့ပေါ်နဲ့ ၂ မိုင်ကျော်အကွာရှိ ရဲတပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်

စစ်တပ်ခြေကုပ်နေရာအချို့ AA သိမ်းပိုက်ထား

(AAတပ်ဖွဲ့ဝင်​တွေက ၂၀၂၄ နှစ်ကုန်ပိုင်းမှာအမ်းမြို့အ​ခြေစိုက် နမခကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်ခဲ့စဥ်။ဓါတ်ပုံ-AA Infodesk)

နိုဝင်ဘာ-၁၆ ၊၂၀၂၆။ခိုင်မြတ်/People’s Spring

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းမှာ တိုက်ပွဲဧရိယာတွေ ပိုမိုကျယ်ပြန့်လာပြီး ကျောက်ဖြူမြို့ပေါ်နဲ့ နှစ်မိုင်ကျော်အကွာ အမှတ်(၃၂)ရဲတပ်ရင်းဝန်းကျင်ရှိ စစ်တပ်ကာကင်းစခန်းတွေကို အာရက္ခတပ်တော်(AA)ကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြိုင်းစေ့ကေရွာဝန်းကျင်ရှိ ရဲတပ်ရင်းကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲရက် ဆက်ဖြစ်နေတာ လေးရက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

“ကျောက်ဖြူမှာကတော့ တိုက်ပွဲအကြီးအကျယ်ပြင်းနေတယ်။ မလကျွန်း၊ လိပ်ခမော်၊ ပြိုင်းစေ့ကေနားတွေမှာပါ တောက်လျှောက်ဖြစ်နေကြတယ်” လို့ AA နဲ့နီးစပ်တဲ့ ကျောက်ဖြူဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်ရဲ့ တောင်မော်ဦးရေတပ်စခန်းဝန်းကျင်၊ မင်းတက်တောင်လမ်းဆုံအနီး သိုင်း ချောင်း၊ မင်းပြင်ဝန်းကျင်တို့မှာသာ တိုက်ပွဲတွေဖြစ်နေခဲ့ရာကနေ အခုရက်ပိုင်းမှာ AA က မြို့အနီး ပြိုင်းစေ့ကေ ဝန်းကျင်ရှိ စစ်တပ်အထိုင်ချ ရဲတပ်ရင်းကိုပါ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

“တိုက်ပွဲကတော့ အခြေအနေကြည့်ပြီးဝင်လုံးနေကြတာပါ။ ပြိုင်းစေ့နားမှာ ကိုယ့်ဘက်က ရထားတာတွေရှိတယ်။ စနိုက်ပါကျွေးလို့ သေတဲ့ ေ ွး တွေလည်းရှိတယ်။ ဒီလိုပါပဲ ကိုယ့်ဘက်ကလည်းအခြေအနေကောင်းမှပဲ ဝင်လုံးတာဆိုတော့အခြေအနေကောင်းနေတယ်ပြောလို့ရပါတယ်”လို့ မြေပြင်မှာရှိနေတဲ့ AA သတင်းမြစ်တဦးက ပြောပါ တယ်။

အခုတိုက်ပွဲဖြစ်နေတဲ့ အမှတ် (၃၂)ရဲတပ်ရင်းဟာ ကျောက်ဖြူမြို့အဝင်ရှိအဓိက ကာကင်းစခန်းကြီးဖြစ်ပြီး ခမရ ၅၄၃၊ ခမရ ၅၄၂ တပ်ရင်းတို့နဲ့ ၂ မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။

ရဲတပ်ရင်း ကာကင်းတွေအပြင် ရဲတပ်ရင်းရဲ့ အနောက်ဘက်ရှိ ကုန်းတွင်းပိတ်ဓါတ်ငွေ့သို လှောင်စက်ရုံ(OGT) တည်ရှိရာ လိပ်ခမော်ရွာဝန်းကျင် စစ်တပ်စခန်းတွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့ပေါ်တပ်ရင်းတွေနဲ့ အမှတ်(၃၂)ရဲတပ်ရင်းတို့ကနေ ဓည၀တီရေတပ်ဌာနချုပ်ဆီသွားရာ လမ်းဆုံ မင်းတက်တောင်လမ်းဆုံအနီး ဇိုင်ချောင်း၊ သိုင်းချောင်းရွာတဝိုက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့သိရ ပါတယ်။

အလားတူပဲ တောင်မော်ဦးရေတပ်စခန်းရဲ့ ကာကင်းတွေရှိရာ အ၀တောင်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ နေ့စဉ်ရှိ နေပြီး စစ်တပ်ဘက်က အထိနာနေတာကြောင့် အဲဒီအနီးဝန်းကျင်ရှိ စနဲမြို့အပါအဝင် လူနေကျေးရွာတွေကိုလေကြောင်းဗုံးကြဲတာ၊လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စနဲမြို့ဆိုရင်ဘာမှတောင်မကျန်တော့ဘူး။ ဗုံးတခါကြဲရင်အိမ်တွေမနည်းဘူးပျက်တယ်။ နေ့တိုင်းဆူဆိုက်တွေ၊ လက်နက်ကြီးတွေနဲ့ ချနေတာ။ စစ်ရှောင်တွေလည်း သေကြတယ်” လို့ ကျောက်ဖြူမြို့နယ်မှ လူမှုကူညီရေး လုပ် နေသူတဦးက ပြောပါတယ်။

ခလရ (၃၄)၊ ခမရ (၅၄၃)၊ ခမရ (၅၄၂)၊ အမှတ်(၃၂)ရဲတပ်ရင်း စတဲ့အခြေစိုက်တပ်ရင်းလေးခု၊ ဓည၀တီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်၊ အုံးကျွိန်ရေတပ်တို့နဲ့ ရှေ့တန်းကာကင်းတွေတည်ရှိတဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ် တပ်ဟာ အဲဒီတပ်ရင်းတွေနဲ့ အနီးဝန်းကျင်နေရာအချို့ကိုသာ ထိန်းချုပ်နိုင်တော့ပြီး ကုန်းလမ်းဆက်သွယ်ရေးတွေ လည်း ဖြတ်တောက်ခံထားရတယ်လို့ သတင်းရင်းမြစ်တွေက ​ပြောပါတယ်။

မြို့ပေါ်နဲ့ မြို့ပေါ်တပ်ရင်းတွေရဲ့အဓိကရှေ့ထွက်ကာကင်းစခန်းကြီး အမှတ်(၃၂)ရဲတပ်ရင်းကနေ ဓည၀တီရေတပ် ဆီ သွားရာလမ်းပေါ်ရှိ ပြိုင်းစေ့ကေ၊မင်းတက်တောင်၊ မိကျောင်းတက်၊ ပြားတဲစတဲ့နေရာတွေကို AA က သိမ်းပိုက် ထိန်းချုပ်ထားတာကြောင့် စစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေကနေ ဓည၀တီရေတပ်၊ တောင်မော်ဦးရေတပ်၊ မင်း ပြင်၊ သိုင်းချောင်းစတဲ့ရှေ့တန်းနေရာတွေဆီ ကုန်းလမ်းကနေ စစ်ကူပို့ဖို့ မဖြစ်နိုင်တော့လို့ ပြောပါတယ်။

“ရေလမ်းပဲ ရှိတယ်။ ကျောက်ဖြူက တကယ်ဆို ကျဉ်းကျဉ်းလေးပါ။စကစထိန်းချုပ်ထားတာက ဘယ်လောက်မှမရှိဘူး”လို့ ကျောက်ဖြူဒေသခံ စစ်ရေးနီးစပ်သူက ပြောပါတယ်။

AA ဟာ တောင်မော်ဦးတိုက်ပွဲအတွင်း စစ်တပ်ရဲ့ ကာကင်းစခန်းနှစ်ခုကို သိမ်းပိုက်ထားပြီး စစ်တပ်အလောင်းနဲ့ အရှင်ဖမ်းမိအရေအတွက်ဟာလည်း ဆယ်ချီရှိပြီဖြစ်ကာ ကာကင်းစခန်းအနည်းငယ်သာကျန်တော့တယ်လို့ စစ်ရေးနီး စပ်သူတွေက ပြောပါတယ်။

အဲဒီလို တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ဟာ ကျောက်ဖြူမြို့အနီး၊ မင်းပြင်ရွာအနီး၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်၊ မင်းကြောင်းချောင်းအနီးပင်လယ်ပြင်တို့မှာ စစ်သင်္ဘောတွေတိုးချထားပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က အများ ပြည်သူအသုံးပြုနေတဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီအစပ်ရှိ တံတားလေးစင်းကို မိုင်းခွဲချိုးဖျက်ခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့နယ်တွေထဲကတခုဖြစ်တဲ့ ပြည်နယ်မြောက်ပိုင်းရှိ စစ်အစိုးရ ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့နယ်မှာလည်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီး AA က တပ်စခန်းတွေ ဆက်တိုက်သိမ်းယူနေပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေအပြင် ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်းပန်းတောင်း ၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာ နှစ်လကျော်ရှိပြီဖြစ်ပါ တယ်။

နှစ်လကျော်ပေမယ့် AA စခန်းတခုမှ မသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်းတွေကို ပြန်သိမ်းနေပြီး ခုခံစစ်က နေ ယခုအခါ ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၂ ခု၊ ပေါက်တောမြို့နယ်အတွင်းက ၁ ခု၊မင်းတုန်း မြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်း ရာချီရှိနေပြီဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ