Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပေါ် ICJ အမိန့်မချမီ နာရီပိုင်းအလိုမှာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က အမိန့်မချမီ နာရီပိုင်းအလိုမှာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာနေတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက ပြောပါတယ်။

(​ငွေ​ကြေး​ဈေးကွက်ထဲမှာ ထိုင်းဘတ်​ငွေ​ဈေးကအတက်ဆုံးဖြစ်​​နေပါတယ်။ဓါတ်ပုံ-Bangkok Post)

နိုဝင်ဘာ-၁၉၊၂၀၂၆/People’s Spring

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က အမိန့်မချမီ နာရီပိုင်းအလိုမှာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာနေတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက ပြောပါတယ်။

ဒီကနေ့ (နိုဝင်ဘာ ၁၉ရက်) မနက်ပိုင်းကတည်းက ကျပ်ငွေတန်ဖိုး ငွေလဲနှုန်းကျဆင်းနေရာ နေ့လည်ပိုင်းအထိ ဆက်တိုက်ကျဆင်းလာနေတာ ဖြစ်ပါတယ်။

လက်တလော ​​ငွေ​ကြေး​ဈေးကွက်မှာ ထိုင်း ဘတ်​ဈေးကအတက်ဆုံးဖြစ်​နေပါတယ်။ ကျပ်ပေးပြီး ဘတ်ဝယ်ဆိုရင် ၁ ဘတ်ကို ၁၅၃ ကျပ်​​ကျော် ( ကျပ်တစ်သိန်းမှာ၆၅၂ ဘတ်) အထိ ​ဈေးတက်လာတယ်လို့ ဘတ်ငွေလဲနေသူတစ်ဦးက ပြောပါတယ်။ မနက်ခင်း အ​စောပိုင်းမှာ ကျပ်​ပေးဘတ်ယူ​ဈေး ၁ ဘတ်မှာ ၁၅၁ကျပ်​ကျော်(ကျပ်တစ်သိန်းမှာ၆၆၀ ဘတ်)ကနေ ​ဈေးထပ်မံ တက်သွားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

​ဒေါ်လာ​​ဈေးမှာ ပြင်ပငွေလဲ​​ဈေးကွက်မှာ အဝယ်​ဈေး တစ်ဒေါ်လာမှာ ၅,၀၉၀ကျပ် ၊ရောင်းစျေး ကျပ် ၄,၉၉၀ ၀န်းကျင်ရှိပါတယ်။

ဒါ့အပြင် ပြည်တွင်း money changer အများစု ပိတ်ထားပြီး အရောင်းအဝယ် ရပ်ဆိုင်းထားတယ်လို့လည်း ငွေလဲသူတချို့က အသိပေးပါတယ်။

“လွှတ်တော်မှာ ငွေချေးတာရော၊ အဲဒါတွေက ငွေစက္ကူအသစ်တွေ စရိုက်နေပြီလည်းကြားတယ်။ အဲဒီပြဿနာရော၊ ICJ က အမိန့်ချမှာရော အဲဒါတွေကြောင့် ငွေဈေးက ကျနေတာ။ အခုဖြစ်နေတာက ဘတ်နဲ့ဆို ၅၀၀ လောက်အထိ ဆင်းမယ်လို့ မှန်းနေကြတယ်”လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး-ICJ က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုတဲ့ စွပ်စွဲချက်အ​ပေါ် ဒီ​နေ့ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်တော့မှာ ဖြစ်ပါတယ်။

မြန်မာအပေါ် အမိန့်မချမီမှာ နာရီပိုင်းအလိုမှာဘဲ ကျပ်ငွေတန်ဖိုးဟာ ဆက်တိုက်ကျဆင်းလာနေတာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂ သိန်းလောက်ကလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြပါတယ်။ သူတို့ဟာ ၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဒီအမှုကို ကြားနာဆုံးဖြတ်ဖို့ စီစဉ်ထားတာဖြစ်ပြီး တရားသူကြီးတွေဟာ ဒီနေ့ဂရင်းနစ်စံတော် ချိန် မနက် ၉ နာရီ၊ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ စီရင်ချက်ကို စတင်ဖတ်ကြားမှာဖြစ်ပြီး အချိန် မိနစ် ၉၀ လောက် ကြာမြင့်နိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

တကယ်လို့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့မယ်ဆိုရင် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး သဘောတူစာချုပ်ကို ချိုးဖောက်မှုအတွက် တစ်ဦးတစ်ယောက်ချင်းစီ မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံအနေနဲ့ တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ခံရတဲ့ အမှုဖြစ်လာမှာပါ။

ဒီအမှုကို အာဖရိကတိုက်က ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၇ နှစ်​ကျော်ကြာမြင့်ခဲ့ပါတယ် ။

ဆက်စပ်သတင်းများ