Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမှာလေကြောင်းတိုက်ခိုက်မှုကြောင့်သားအဖနှစ်ဦးသေဆုံး

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ထဲကျေးရွာအချို့ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအပြင် ဒရုန်းတွေနဲ့ပါ နိုဝင်ဘာလ ၁၆ ရက်က တိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ထဲကျေးရွာအချို့ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအပြင် ဒရုန်းတွေနဲ့ပါ နိုဝင်ဘာလ ၁၆ ရက်က တိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

နိုဝင်ဘာ – ၁၉ ၊၂၀၂၆

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ထဲကျေးရွာအချို့ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအပြင် ဒရုန်းတွေနဲ့ပါ နိုဝင်ဘာလ ၁၆ ရက်က တိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

အဲဒီနေ့မနက်ပိုင်းမှာဆိပ်ဖြူမြို့နယ်ထဲကအမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံကနေတက်လာတဲ့စက်တပ်လေထီးဟာထွန်ရွာနဲ့ သက္ကယ်ကျင်းရွာတွေကို ဗုံးကြဲခဲ့တာပါ။

ညနေပိုင်းမှာ ရှားလှရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုမှာတော့ အသက် ၄၀ ကျော်အရွယ်အမျိုးသားနဲ့ အသက် ၂၀ ခန့်အမျိုးသမီးတို့သေဆုံးခဲ့ရတာပါ။ သေဆုံးသူ နှစ်ဦးဟာ သားအဖတွေလို့သိရပါတယ်။

“ကောင်မလေးကခါးအောက်ပိုင်းပြင်းပြင်းထန်ထန်ထိသွားတယ်၊ဆေးရုံသွားရင်းဆုံးသွားတယ်၊အဖေလုပ်သူကတော့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတာပါ”လို့သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ