Connect with us

Hi, what are you looking for?

ဆောင်းပါး

စုန်းစုန်း မြုပ်သွားတဲ့ ကြက်သွန်

ရေမြုပ်နေတဲ့ ယာခင်းထဲက ရေပြင်ထဲတောင် သူတွေ ဆောင့်ကြောင့် ထိုင်ချပြီး လက်ကလေးတွေ ဟိုစမ်း ဒီစမ်းနဲ့ အလုပ်များနေကြတယ်။ မသိရင် ငါးများ ဖမ်းနေကြသလား ထင်ရော့မယ်။ မဟုတ်ပါဘူး။ ကြက်သွန်တွေ နှုတ်နေကြတာပါ။

— တည်ကြည် / People’s Spring

ရေမြုပ်နေတဲ့ ယာခင်းထဲက ရေပြင်ထဲတောင် သူတွေ ဆောင့်ကြောင့် ထိုင်ချပြီး လက်ကလေးတွေ ဟိုစမ်း ဒီစမ်းနဲ့ အလုပ်များနေကြတယ်။ မသိရင် ငါးများ ဖမ်းနေကြသလား ထင်ရော့မယ်။ မဟုတ်ပါဘူး။ ကြက်သွန်တွေ နှုတ်နေကြတာပါ။

“အမလေး ဒါ အုန်းချစ်ကုန်း ကျေးရွာ၊ ကြက်သွန်ခင်း ရေနစ်နေပါပြီဗျာ။ ကြည့်ပါဦး။ တောင်သူတွေ လုပ်ရတဲ့ ဒုက္ခကို ကြည့်ပါဦးဗျာ။ ဘယ်လို လုပ်မတုန်း ဒါတွေ။ ကြက်သွန်ခင်းတွေ အကုန်လုံး အုန်းသီးပေါ လော ရေပေါ လော ဖြစ်နေပါပြီဗျာ။” ကြက်သွန်စိုက် တောင်သူ အဒေါ်ကြီး တစ်ယောက်ရဲ့ ရင်ဖွင့်သံပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်အထိ အထက်အညာမှာ မိုးကောင်းခဲ့တာကြောင့် မန္တလေးတိုင်းထဲက ကြက်သွန် အဓိက စိုက်ပျိုးရာ မြစ်သားမြို့နယ်မှာ ကြက်သွန်ခင်းတွေ ရေမြုပ်သွားခဲ့ရတာပါ။ တောင်သူတွေဟာ ရေမြုပ်အခင်းထဲကနေ ကြက်သွန်တွေ ရသလောက် နှုတ်ကာ ဆယ်နေကြတာပါ။

Public Service Announcement

Public Service Announcement

မြစ်သားမြို့နယ်တင် မကပါဘူး။ ကျောက်ဆည်ခရိုင်ထဲက ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်နယ်နဲ့ ဝမ်းတွင်းနယ်က ကြက်သွန်ခင်းတွေပါ ရေမြုပ်လို့ တောင်သူတွေ အခင်းထဲ အပြေးအလွှား ဆင်းကြရတယ်။ အရွယ်မရောက်သေးတဲ့ ကြက်သွန်တွေ နှုတ်လိုက်ကြရတယ်။

တကယ်တော့ တောင်သူတွေဟာ ဒီနှစ် ကြက်သွန်ကို အရဲစွန့်ပြီး စိုက်ကြရတာပါ။ မနှစ်က တောင်သူတွေ ပင်ပန်းသလောက် အမြတ် မကျန်ကြဘူး။ ရှုံးတဲ့သူလည်း ရှုံးကြတယ်။ ဒါကြောင့် ဒီနှစ် အစိုက်နည်းကြတယ်လို့ သိရတယ်။

ယာခင်းထဲမှာ ပေါင်းသင်၊ ဆေးဖျန်းကာ သုံးလေးလလောက် အသက်နဲ့လဲပြီး ပြုစုခဲ့ရတဲ့ ကြက်သွန်ခင်းတွေဟာ စားရခါနီးလေးမှာပဲ ရေမြုပ်သွားတော့ တောင်သူတွေ မျှော်လင့်ချက် စုန်းစုန်း မြုပ်သွားခဲ့ရတယ်။ အမြတ်အစွန်းဆိုတာ ဝေးစွ၊ ရင်းနှီးထားတဲ့ အရင်းအနှီးလေးတွေပါ ပြန်ရမရ မသေချာတော့ဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က ကျဆင်းလာတဲ့ စီးပွားရေး အခြေအနေမှာ တောင်သူတွေလည်း မနည်း ရုန်းကန်ခဲ့ရတာပါ။ သွင်းအားစု ဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး၊ ဓာတ်ဆီ၊ လုပ်သားခတွေက အဆမတန် ဈေးကြီးမြင့်နေပြီး၊ သယ်ယူ ပို့ဆောင်ရေး အခက်အခဲတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး ကြန့်ကြာမှုတွေကြားမှာ တောင်သူတွေဟာ ရသမျှ ထွက်ကုန်ကို တန်ဖိုးမရှိသလို ရောင်းချနေကြရတာပါ။ ဒီနှစ် ကြက်သွန် တစ်ဧက စိုက်စရိတ်ကိုက သိန်းငါးဆယ်ကျော်သတဲ့။

ဒီနှစ်တော့ ကြက်သွန်နီ တစ်ပိဿာ နှစ်သောင်းအထက် ရှိနေတော့ ဒီနှစ်တော့ တောင်သူတွေ အဆင်ပြေတန် ကောင်းပါရဲ့လို့ တွေးနေမိတုန်း ရှိသေးဗြုန်းဆို နိုဝင်ဘာ ၈ ရက်က မိုးစရွာလိုက်တာ တစ်ရက်လည်း မတိတ်၊ နှစ်ရက်လည်း မစဲနဲ့ လေးရက်တိတိ မိုးကောင်းလိုက်တာ ကြက်သွန်ခင်းတွေ ရေအောက် ရောက်တော့တာပါပဲ။

တကယ့်ကို စွန့်စွန့်စားစား စိုက်ထားရချိန်မှာ ဒီမိုးနဲ့ တည့်တည့် တိုးတော့တာပါ။

တောင်သူတွေ ရွှေတွဲလဲ ငွေတွဲလဲ မဖြစ်ဘဲ ရေမြုပ် ပျက်စီးခဲ့တဲ့ ကြက်သွန်တွေသာ ကြိုးနဲ့ အပြုံလိုက် တွဲလဲခို ဆွဲချသွားရတော့တယ်။

“တောဈေး ၅၅၀၀ ပဲ ရပါတယ်။ ခုတော့ ၄၂၀၀ နဲ့ ရောင်းလိုက်ရတယ်” ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ