သတင်း ပေါက်ခေါင်းမြို့နယ်အတွင်းစစ်တပ်က စစ်ကြောင်းထိုးပြီးအကြမ်းဖက်နေ ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းနှစ် ကြောင်းခွဲပြီးထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayoo1 နာရီ ago
သတင်း ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လေးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အင်အားရာချီသုံးနေ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoဇွန် 10, 2022
သတင်း တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးအကူ ဟိန်းမျိုးလတ် ရှင်းလင်းခံရ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ နေအိမ်သို့ပြန်လာသည့် ဟိန်းမျိုးလတ်အား ယနေ့ (ဇွန် ၁၀ ရက်) နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ဓနဝတီလမ်း၌ သေနတ်ဖြင့် လေးချက်တိတိပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 10, 2022
သတင်း စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မီးဖွားချိန်မှာအန္တရာယ်ရှိတဲ့အခြေအနေတွေ ရင်ဆိုင်နေရ စစ်ကောင်စီဟာ ဆေးဝါးပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို ပြင်းထန်စွာကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေကိုလည်း တိုးမြှင့်ချထားခဲ့တဲ့အပြင် ဒေသခံရွာသားတွေသယ်ဆောင်လာတဲ့ ဆေးဝါးပစ္စည်းတွေကိုလည်း စစ်ကောင်စီက သိမ်းယူတာတွေရှိလို့ ရွာသားတွေက လျှို့ဝှက်စွာ သယ်ယူပို့ဆောင်ကြရတယ်လို့ သိရပါတယ်။ LuduNwayOoဇွန် 10, 2022
သတင်း စစ်ကောင်စီတပ်မီးရှို့၍ ထန်တလန်မြို့ရှိ သက်တမ်းအရှည်ဆုံးဘုရားကျောင်းမီးလောင်ကျွမ်း စစ်ကောင်စီတပ်သည် အဆိုပါTBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။ LuduNwayOoဇွန် 10, 2022
သတင်း ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီ/ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIA ထပ်မံတိုက်ခိုက် “ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇွန် 10, 2022