Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လေးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အင်အားရာချီသုံးနေ

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF)ရဲဘော်များအား တွေ့ရစဥ်
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF)ရဲဘော်များအား တွေ့ရစဥ်

ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား လေးရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF)က ယနေ့(ဇွန် ၁၀)အသိပေး ထုတ်ပြန်သည်။

တိုက်ပွဲများမှာ ဇွန်လ၆ ရက်တွင် တစ်ကြိမ်၊ ဇွန်လ ၇ ရက်တွင် တစ်ကြိမ်၊ ၈လ ရက်တွင် နှစ်ကြိမ်နှင့် ၉ ရက်တွင် တစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးငါးဦး ထိခိုက်သေဆုံးပြီး အရေအတွက်အတိအကျအား အတည်မပြုရန် နိုင်သေးကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဇွန်လ၇ ရက်၌မူ စစ်ကောင်စီတပ်များသည် ရောင်နက်ကျေးရွာဘက် ထိုးစစ်ဆင်လာရာ YDF တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့်တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

အလားတူ ဇွန်လ၈ ရက်တွင်လည်း စစ်ကောင်စီတပ်များက အနောက်ဂန့်ဂေါဘက် စစ်ကြောင်းထိုးလာရာ နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းနေ့နေ့လယ် ၂ နာရီခန့်တွင် တောင်ပြင်ရွာဘက်သို့ စစ်ကြောင်းထိုးလာရာ YDF နှင့်အတူ ဆင်တန် CDF တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက် ခိုက်ခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်ရှိသော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ဇွန်လ၉ ရက်တွင် မြစ်သာမြစ်အနောက်ဘက်ခြမ်းဒေသများသို့ စစ် ကြောင်းထိုးလာရာ မကျည်းခင်ကျေးရွာ၌ တပ်စွဲထားစဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အထက်ပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားရာချီအသုံးပြုလာသည်ကို ခုခံတိုက်ခိုက်ရင်း YDF တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့ နယ်အတွင်း အင်အားရာချီဖြင့် စစ်ကြောင်းလေးကြောင်းထိုးလျက်ရှိရာ YDFတပ်ဖွဲ့မှ စစ်ရေးအရရင်ဆိုင်ရန် အကူအညီများလိုအပ်နေကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။