Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်မီးရှို့၍ ထန်တလန်မြို့ရှိ သက်တမ်းအရှည်ဆုံးဘုရား​ကျောင်းမီး​လောင်ကျွမ်း

စစ်ကောင်စီတပ်သည် အဆိုပါTBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။

TBC နှစ်ခြင်းဘုရား​ကျောင်းကို မီးရှို့မခံရမီက​မြင်ကွင်း
TBC နှစ်ခြင်းဘုရား​ကျောင်းကို မီးရှို့မခံရမီက​မြင်ကွင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ နှစ်၆၀ သက်တမ်းရှိ ထန်တလန် TBC နှစ်ခြင်းဘုရားကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့သဖြင့် ယမန့်နေ့ (ဇွန်၉ရက်) ညနေ ၄ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်းဒေသခံများက​ပြောသည်။

ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်​ကောင်စီတပ်ကမီးရှို့၍ ဘုရားကျောင်းမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

TBC နှစ်ခြင်းဘုရားကျောင်းသည် ထန်တလန်မြို့၏ အကြီးဆုံးနှင့် မြို့ဂုဏ်ဆောင်ဘုရားကျောင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ဆသည်။

“တိုက်ပွဲဖြစ်တာလဲ မရှိဘဲ မီးလောင်တာဆိုတော့ စစ်တပ်ကပဲ မီးရှို့တာပေါ့”ဟုစစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့ခံတစ်ဦးကပြောသည်။ ထန်တလန်မြို့​ပေါ်တွင် စစ်​ကောင်စီတပ် သာရှိပြီးလူ​နေအိမ်များကိုလည်းမကြာခဏဖောက်ထွင်းခိုးယူပြီး မီးရှို့​ကြောင်း ​ဒေသခံများကဆက်​ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါ TBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်၊ထန်တလန်မြို့ရှိ ပြည်သူများ၏လူ​နေအိမ် ၁၂၀၀ နှင့် ဘုရားကျောင်း ၁၁ ကျောင်းတို့ မီးရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။