Connect with us

Hi, what are you looking for?

သတင်း

ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီ/ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIA ထပ်မံတိုက်ခိုက်

“ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

KIA
KIA

စစ်ကောင်စီတပ် သေဆုံးမှုရှိ

ပူတာအိုမှ မြစ်ကြီးနားမြို့သို့ ပြန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ ရိက္ခာပို့ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နံနက်ပိုင်းတွင် ထပ်မံတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

“ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

အဆိုပါ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ပြီးခဲ့သည့် ရက်ပိုင်းကလည်း KIA /PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သေးသည်။ တိုက်ပွဲဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်က ပူတာအို – မြစ်ကြီးနားလမ်းတွင် ခရီးသွားလာခွင့်မပြုဘဲ ပိတ်ပင်ထား၍ ကားသမားများနှင့် ခရီးသည်များ အခက်အခဲ ကြုံနေရသည်ဟုဆိုသည်။

ကချင်ဒေသစစ်ရေးသတင်းများကို ပုံမှန်ဖော်ပြလေ့ရှိသည့် သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့(ဇွန်လ ၁၀ရက်)နံနက် ၅နာရီခွဲတွင် ပူတာအိုမှ မြစ်ကြီးနားဘက်သို့ ဆင်းလာသည့် အာဏာသိမ်း အကြမ်းဖက် အဖွဲ့နှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီ၏ လက်နက်ကိုင် ပူးပေါင်းအဖွဲ့ကို KIA တပ်မဟာ (၁)၊ တပ်ရင်း(၁၀)တပ်ဖွဲ့များက မိုင်ထောင်ရွာအကျော် တစ်နေရာ၌ စောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း၌ဒူးလေးပါတီလက်နက်ကိုင်အဖွဲ့ဘက်မှ ၃ ဦးလမ်းမပေါ်တွင်သေဆုံးပြန့်ကြဲနေပြီးတစ်ချို့မှာပြင်းထန်စွာဒဏ်ရာရရှိထွက်ပြေးကြ ကြောင်း၊ စစ်အာဏာသိမ်းအကြမ်းဖက် အဖွဲ့များ၏စစ်ကြောင်းကားတစ်စီးလည်းထိခိုက်ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများပြားနေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook