သတင်း ပေါက်ခေါင်းမြို့နယ်အတွင်းစစ်တပ်က စစ်ကြောင်းထိုးပြီးအကြမ်းဖက်နေ ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းနှစ် ကြောင်းခွဲပြီးထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayoo3 နာရီ ago
သတင်း ပုလဲမြို့နယ် နဂါးမတောင်အနီးတိုက်ပွဲကို ဒေသကာကွယ်ရေးတပ်များအပြင် မကွေးတိုင်းရှိ ကာကွယ်ရေးတပ်များပါ လာရောက်ပူးပေါင်း ပြီးခဲ့သည် မေလ ၂၉ ရက်က ပုလဲမြို့နယ် ၊ နဂါးမတောင်အနီးသို့ရောက်ရှိနေသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ FutureGeneration ပြောက်ကျားတပ်ဖွဲ့ နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 2, 2022
သတင်း KNUတပ်မဟာ(၁)နယ်မြေတွင် မေလအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ် ၇၀ကျော်သေ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ၏ နေအိမ် ၁၁လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇွန် 2, 2022
သတင်း မန္တလေးမြို့ပြဧရိယာမှာရှိတဲ့တောင်ထိပ်မှာ PDF အလံ လွှင့်ထူ စစ်ကောင်စီက ကင်းပုန်းအထပ်ထပ်ချထားတဲ့ ကြားထဲက မန္တလေးမြို့ပြ ဧရိယာရဲ့ တောင်ထိပ် မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲ့ အလံကို သွားရောက် လွှင့်ထူလိုက်တယ်လို့Rangers of Mandalay ( ROM ) ထုတ်ပြန်လာပါတယ်။ LuduNwayOoဇွန် 2, 2022
သတင်း အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီးသည့်နေအိမ်များတွင် ကလေး PDF မှ ရဲဘော် ၃၆ဦး၏ နေအိမ်များပါသွား အိမ်ခြေမဲ့သွားသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၃၆ဦး၏ မိသားစုဝင်များအတွက် မိသားတစ်စုလျှင် ကျပ်ငါးသောင်းစီထောက်ပံ့လှူဒါန်းလို၍ ပြည်သူများ ဝိုင်းဝန်းကူညီပေးကြပါရန် အထက်ပါ ပြည်သူ့ရဲဘော်က မေတ္တာရပ်ခံထားသည်။ LuduNwayOoဇွန် 2, 2022
သတင်း စစ်ကောင်စီတပ်မီးရှို့ခဲ့၍ ကနီနယ် ကင်းအုပ်စုရှိ ရွာသုံးရွာမှနေအိမ် ၅၄၀ကျော် မီးလောင်ပျက်စီး စစ်ကောင်စီတပ်သည် မေလ ၂၅ရက်တွင် အထက်ကင်းရွာကို မီးရှို့ခဲ့ရာ နေအိမ် ၁၃၀လုံး၊ မေလ ၂၇ရက်တွင် ကင်းရွာနှင့် ကဲဒေါင်ရွာကို မီးရှို့ခဲ့ရာ ကင်းရွာမှ နေအိမ် ၂၁၀လုံး၊ ကဲဒေါင်ရွာမှ နေအိမ် ၂၀၁လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 2, 2022