Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ် နဂါးမတောင်အနီးတိုက်ပွဲကို ဒေသကာကွယ်ရေးတပ်များအပြင် မကွေးတိုင်းရှိ ကာကွယ်ရေးတပ်များပါ လာရောက်ပူးပေါင်း

ပြီးခဲ့သည် မေလ ၂၉ ရက်က ပုလဲမြို့နယ် ၊ နဂါးမတောင်အနီးသို့ရောက်ရှိနေသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ FutureGeneration ပြောက်ကျားတပ်ဖွဲ့ နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)
(BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဂါးမတောင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းအဖွဲ့များအပြင် မကွေးတိုင်းရှိ အဖွဲ့များကပါ လာရောက်ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းအဖွဲ့များ ပြောသည်။

ပြီးခဲ့သည် မေလ ၂၉ ရက်က ပုလဲမြို့နယ် ၊ နဂါးမတောင်အနီးသို့ရောက်ရှိနေသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ FutureGeneration ပြောက်ကျားတပ်ဖွဲ့ နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(၄၀)မမ၊ (၆၀)မမ၊ (၈၀) မမ လက်လုပ် လက်နက်ကြီးများဖြင့် အချက်နှစ်ဆယ်ကျော်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ မိနစ် ၂၀ခန့် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)က ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လ​ည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

မေလ ၃၀ ရက် နံနက်ပိုင်းကလည်း နဂါးမတောင် အနောက်ဘက်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M .R .D .A)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း MRDA တပ်ဖွဲ့က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။