Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ် နဂါးမတောင်အနီးတိုက်ပွဲကို ဒေသကာကွယ်ရေးတပ်များအပြင် မကွေးတိုင်းရှိ ကာကွယ်ရေးတပ်များပါ လာရောက်ပူးပေါင်း

ပြီးခဲ့သည် မေလ ၂၉ ရက်က ပုလဲမြို့နယ် ၊ နဂါးမတောင်အနီးသို့ရောက်ရှိနေသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ FutureGeneration ပြောက်ကျားတပ်ဖွဲ့ နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)
(BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဂါးမတောင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းအဖွဲ့များအပြင် မကွေးတိုင်းရှိ အဖွဲ့များကပါ လာရောက်ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းအဖွဲ့များ ပြောသည်။

ပြီးခဲ့သည် မေလ ၂၉ ရက်က ပုလဲမြို့နယ် ၊ နဂါးမတောင်အနီးသို့ရောက်ရှိနေသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ FutureGeneration ပြောက်ကျားတပ်ဖွဲ့ နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(၄၀)မမ၊ (၆၀)မမ၊ (၈၀) မမ လက်လုပ် လက်နက်ကြီးများဖြင့် အချက်နှစ်ဆယ်ကျော်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ မိနစ် ၂၀ခန့် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)က ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လ​ည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

မေလ ၃၀ ရက် နံနက်ပိုင်းကလည်း နဂါးမတောင် အနောက်ဘက်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M .R .D .A)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း MRDA တပ်ဖွဲ့က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။