Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၁)နယ်မြေတွင် မေလအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ် ၇၀ကျော်သေ

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ၏ နေအိမ် ၁၁လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

KNU
KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင်တွင် မေလအတွင်း တိုက်ပွဲ ၄၁ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၇၁ဦးသေဆုံးကာ ၅၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဒူးသထူ(သထုံ)ခရိုင်က သတင်းထုတ်ပြန်သည်။

KNU လက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA/KNDO)တပ်ဖွဲ့များနှင့် စစ်ကောင်စီ၊နယ်ခြားစောင့်တပ်(BGF)တို့အကြား တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ကား ၅စီး ပျက်စီးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း KNLA/KNDO ပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦး ကျဆုံးခဲ့ပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်းလည်း အသိပေးထားသည်။

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ၏ နေအိမ် ၁၁လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်က အရပ်သား ၂၄ဦးကိုပေါ်တာအဖြစ် အဓမ္မဖမ်းဆီးခြင်း၊ ဒေသခံများထံမှ ကျပ်၂၁၃သိန်း အတင်းအဓမ္မယူဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့များမှ မေလအတွင်းအရပ်သားပြည်သူများ၏ ကျွဲနှင့်နွား (၈)ကောင်အား ပစ်သတ်ခဲ့ပြီး စားသောက်ကုန်၊အခြားပစ္စည်း အများအပြားကိုလည်း ယူဆောင်၊ ဖျတ်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။