Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပြဧရိယာမှာရှိတဲ့တောင်ထိပ်မှာ PDF အလံ လွှင့်ထူ

စစ်ကောင်စီက ကင်းပုန်းအထပ်ထပ်ချထားတဲ့ ကြားထဲက မန္တလေးမြို့ပြ ဧရိယာရဲ့ တောင်ထိပ် မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲ့ အလံကို သွားရောက် လွှင့်ထူလိုက်တယ်လို့Rangers of Mandalay ( ROM ) ထုတ်ပြန်လာပါတယ်။

ဓာတ်ပုံ − Rangers of Mandalay (ROM)
ဓာတ်ပုံ − Rangers of Mandalay (ROM)

“ကင်းပုန်းအထပ်ထပ် ချထားသည့်ကြားမှ အသက်စွန့်ကြိုးပမ်း၍ ရအောင်လုပ်ခဲ့ပါတယ်” လို့ ROM က အသိပေးထားပါတယ်။

ဒါအပြင် လူထုကနေ ဖြစ်ပေါ်လာတဲ့ PDF တွေဟာ လူထုကို ထိခိုက်အောင်လုပ်ဆောင်မှာမဟုတ်သလို တော်လှန်ရေးသစ္စာကိုသိပြီး ROM အဖွဲ့မှ ရဲဘော်တွေဟာ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ရောက်တဲ့နေရာကနေ ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်းအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။