Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်မီးရှို့ခဲ့၍ ကနီနယ် ကင်းအုပ်စုရှိ ရွာသုံးရွာမှနေအိမ် ၅၄၀ကျော် မီးလောင်ပျက်စီး

စစ်ကောင်စီတပ်သည် မေလ ၂၅ရက်တွင် အထက်ကင်းရွာကို မီးရှို့ခဲ့ရာ နေအိမ် ၁၃၀လုံး၊ မေလ ၂၇ရက်တွင် ကင်းရွာနှင့် ကဲဒေါင်ရွာကို မီးရှို့ခဲ့ရာ ကင်းရွာမှ နေအိမ် ၂၁၀လုံး၊ ကဲဒေါင်ရွာမှ နေအိမ် ၂၀၁လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ချင်းတွင်းချစ်သူ
ဓာတ်ပုံ - ချင်းတွင်းချစ်သူ

▪️မီးရှို့ခံရသည့်နေအိမ်များ ထပ်မံမီးရှို့ခံရ၍ နေအိမ် အသစ်မဆောက်ဘဲ ဖြစ်သလိုနေရန် ဒေသခံများ စဉ်းစားနေကြရဟုဆို

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စုရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မေလနောက်ဆုံးပတ်တွင် ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၅၄၀ကျော်မီးလောင်ပျက်စီးခဲ့ရကြောင်း ချင်းတွင်းချစ်သူ Facebook စာမျက်နှာတွင် ဖော်ပြသည်။

စစ်ကောင်စီနှင့် ပျူစောထီးများသည် ရေယာဉ် ၈စီးဖြင့် အဆိုပါ ဒေသသို့ဝင်ရောက်ကာ မြစ်ကြောင်းတစ် လျှောက်ရှိ အထက်ကင်းရွာ၊ ကင်းရွာနှင့် ကဲဒေါင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ကင်းရွာဒေသခံက ပြောသည်။

ဓာတ်ပုံ - ချင်းတွင်းချစ်သူ
ဓာတ်ပုံ – ချင်းတွင်းချစ်သူ

စစ်ကောင်စီတပ်သည် မေလ ၂၅ရက်တွင် အထက်ကင်းရွာကို မီးရှို့ခဲ့ရာ နေအိမ် ၁၃၀လုံး၊ မေလ ၂၇ရက်တွင် ကင်းရွာနှင့် ကဲဒေါင်ရွာကို မီးရှို့ခဲ့ရာ ကင်းရွာမှ နေအိမ် ၂၁၀လုံး၊ ကဲဒေါင်ရွာမှ နေအိမ် ၂၀၁လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ ဝင်သွားပြီးတဲ့နောက်မှာ လူတွေက ရွာကို အိမ်အသစ်တောင် ပြန်မဆောက်ရဲဘူး။ ကနီမြို့နယ်ထဲက နှစ်ရွာသုံးရွာလောက်က သူတို့ ဆန်တက်သွားတန်းက အရှို့ခံရလို့ ပြန်ဆောက်ထားတဲ့ အိမ်တွေရှိတယ် နောက်တစ်ခေါက် သူတို့ စုန်လာတဲ့အခါကျတော့ ပြန်အရှို့ခံရတယ်။ အဲဒီလို သတင်းတွေလည်းရှိတော့ အခုလက်ရှိ အရှို့ခံထားရတဲ့ရွာတွေက အိမ်အသစ်တောင် မဆောက်ရဲသလိုဖြစ်နေတယ်။ တောထဲတောင်ထဲနဲ့ နီးစပ်ရာနေကြဖို့ စဉ်းစားနေကြတယ်”ဟု ကင်းရွာ ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ချင်းတွင်းချစ်သူ
ဓာတ်ပုံ – ချင်းတွင်းချစ်သူ

သို့ရာတွင်စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခြင်းကြောင့် ကြောက်မသွားသည့်အပြင်ပို၍ စစ်ကောင်စီအပေါ် နာကြည်းနေကြကြောင်း ၎င်းက ဆိုသည်။

” ကြောက်မသွားတဲ့အပြင် သူတို့က နာပြီးရင်းနာလာတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေကဆိုရင် မီးလောင်စရာရှိ လောင်ပဲ လုပ်စရာရှိ ဆက်လုပ်နေမှာပဲ ဒါမပြီးမချင်းဆက်လုပ်နေမှာပဲဆိုတာမျိုး။ ဒါက နောက်ထက် ရေချိန်တစ်ခု ထပ်မြင့်သွားတာပေါ့” ဟု ဒေသခံက ပြောသည်။

ကင်းရွာမီးလောင်မှုတွင် CDM ဝန်ထမ်း၂၀ဦး၏ မိသားစုများ၏ နေအိမ်များပါသွားရာ အဆိုပါ ဝန်ထမ်းများအနေဖြင့် အခြားဒေသခံများထက်ပို၍ ခက်ခဲနေကြရကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - ချင်းတွင်းချစ်သူ
ဓာတ်ပုံ – ချင်းတွင်းချစ်သူ

“CDM မိသားစု ၂၀လောက်ပါတယ်။ သူတို့ဆိုရင် တစ်ဝက်လောက်က တောင်သူဘာညာ လယ်ယာစိုက်ခင်းရှိတာမဟုတ်ဘူး။ အိမ်တွေက အရင်တုန်းက ဆောက်ခဲ့လို့ အဆင်ပြေနေတာလေ။ အခုဆိုရင်သူတို့ ပုံမှန်ဝင်ငွေမရှိတော့ မီးလောင်သွားတော့ လုံး၀ ပြန်ဆောက်ဖို့ကို သူတို့မှာ အဆင်မပြေတော့ဘူး ပိုခက်ခဲသွားတာ”ဟု ကင်းရွာဒေသခံက ပြောသည်။

ကျေးရွာမီးရှို့ခံရသော်လည်း ကလေးငယ်များ၏ ပညာရေးနောက်မကျစေရန် လာမည့်အပတ်၌ စတင်၍ သင်ကြားရေးလုပ်ငန်းများ လုပ်သွားမည်ဟု ဆိုသည်။

” သူတို့(စစ်ကောင်စီ)ကြောင့် ကလေးတွေ ပညာရေးနောက်မကျစေရဘူး။ သူတို့ကြောင့်မို့လို့ စိတ်ဓာတ်လည်းမကျဘူး။ စိတ်ဓာတ်ခွန်အားတောင်ပိုထွက်သေးတယ်”ဟု ကင်းရွာဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ချင်း အပါအဝင် ဒေသအသီးသီးရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ ကျေးရွာအများအပြားကို ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုများ တိုး၍ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။