သတင်း ပေါက်ခေါင်းမြို့နယ်အတွင်းစစ်တပ်က စစ်ကြောင်းထိုးပြီးအကြမ်းဖက်နေ ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းနှစ် ကြောင်းခွဲပြီးထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayoo20 နာရီ ago
News ဝက်လက်နှင့် ကနီတိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော်နှစ်ဦးအား သက်ဆိုင်ရာတပ်ဖွဲ့များက ဝမ်းနည်းကြောင်း မှတ်တမ်းတင် ယမန်နေ့ (မတ်လ ၁၃ ရက်)နံနက်ပိုင်းကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးလမ်းမဘေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့ရဲဘော်တစ်ဦးအား သတ်ဖြတ်ပြီး ရုပ်အလောင်းအား စွန့်ပစ်ထားခဲ့သည်။ LuduNwayOoမတ် 14, 2022
News PDFများ ရန်သူ့သတင်းပေးကို အရေးယူရာတွင် အပြစ်မဲ့ပြည်သူများ မထိခိုက်စေရန် အထူးဂရုပြုရမည့် အချက်(၄)ချက် ထုတ်ပြန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်သည်တော်ကျင့်ဝတ် ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များနှင့် သစ္စာအဓိဌာန် (၄)ချက်ကို လိုက်နာကြရန်နှင့် ပြည်သူလူထုအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဟု အသိပေးထားသည်။ LuduNwayOoမတ် 14, 2022
News လွိုင်ကော်နယ် တိုက်ပွဲတွင် PDF ရဲဘော်မျိုးအောင် ကျဆုံးခဲ့ရ လွိုင်ကော် PDF သည် ဒီးမော့ဆို တိုက်ပွဲတွင် နေ့စဉ် ရက်ဆက်ပါဝင် တိုက်ပွဲဝင်နေသည့်အပြင် အခြား ဒေသ စစ်မျက်နှာပြင်များဖြစ်သော ထီတရိကျေးရွာအနီး ၊ လင်ဖုံလမ်းခွ တစ်ဝိုက်တွင်လည်း ပြောက်ကျားတိုက်ပွဲဝင်နေကြောင်း အသိပေးသည်။ LuduNwayOoမတ် 14, 2022
နိုင်ငံတကာ ရုရှားကို ဝင်မကူဖို့ တရုတ်ကို အမေရိကန် သတိပေး ရုရှားက အကူအညီ တောင်းနေတယ်ဆိုတဲ့ အမေရိကန် စွပ်စွဲချက်တွေကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်မပြုခဲ့ပါဘူး။ ဒါ့အပြင် တရုတ်နဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ အထင်အမြင် လွဲမှားသွားအောင် အမေရိကန်က ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေတယ်လို့ တန်ပြန် စွပ်စွဲခဲ့ပါတယ်။ LuduNwayOoမတ် 14, 2022
News ဖာပွန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေလို့ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရ ဒီလိုပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားထားပါတယ်။ LuduNwayOoမတ် 14, 2022