Connect with us

Hi, what are you looking for?

News

ဝက်လက်နှင့် ကနီတိုက်ပွဲတွင် ကျဆုံးခဲ့ရ​​သော ရဲ​ဘော်နှစ်ဦးအား သက်ဆိုင်ရာတပ်ဖွဲ့များက ဝမ်းနည်း​ကြောင်း မှတ်တမ်းတင်

ယမန်နေ့ (မတ်လ ၁၃ ရက်)နံနက်ပိုင်းကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးလမ်းမဘေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့ရဲဘော်တစ်ဦးအား သတ်ဖြတ်ပြီး ရုပ်အလောင်းအား စွန့်ပစ်ထားခဲ့သည်။

စစ်ကိုင်းတိုင်း ဝက်လက်နှင့် ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေကြသော PDFအဖွဲ့များမှ လူငယ်ရဲဘော်နှစ်ဦး ကျဆုံးခဲ့မှုအ​ပေါ် သက်ဆိုင်ရာ တပ်ဖွဲ့များက ဝမ်းနည်းဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အခြေစိုက် ဖောင်းဒိုင်းဖောင်းဒိုင်းဖောင်းဒိုင်း ပြောက်ကျားတပ်ဖွဲ့(ဝက်လက်) မှ ရဲဘော်ဇော်ကြီးသည် မတ်လ ၈ ရက်က အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် ပြင်ဆင်ဆောင်ရွက်နေစဥ် မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးသွားခဲ့ကြောင်း၊ ရဲဘော်ဇော်ကြီး၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများအပေါ် ဖောင်းဒိုင်းဖောင်းဒိုင်းဖောင်းဒိုင်း ပြောက်ကျား တပ်ဖွဲ့(ဝက်လက်)မှ လေးစားဂုဏ်ပြုကြောင်း၊ ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ဖောင်းဒိုင်းဖောင်းဒိုင်းဖောင်းဒိုင်း ပြောက်ကျားတပ်ဖွဲ့ (ဝက်လက်)က သတင်းထုတ်ပြန်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ရင်း(၁)တပ်စိတ်မှူးတစ်ဦးဖြစ်သော (၁၉) နှစ်အရွယ် ရဲဘော် လင်းခန့်ကျော် သည် မတ်လ ၁၁ ရက်က အကြမ်းဖက်စစ်ကောင်စီနှင့် မြောင်းနုံးရွာတိုက်ပွဲတွင် လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့ရကြောင်း၊ တပ်စိတ်မှူး လင်းခန့်ကျော်၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှု၊ အနစ်နာခံမှုများအပေါ် ကနီမြို့နယ်၊ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လွန်စွာလေးစားဂုဏ်ယူကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်းကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

ယမန်နေ့ (မတ်လ ၁၃ ရက်)နံနက်ပိုင်းကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးလမ်းမဘေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့ရဲဘော်တစ်ဦးအား သတ်ဖြတ်ပြီး ရုပ်အလောင်းအား စွန့်ပစ်ထားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။