Connect with us

Hi, what are you looking for?

News

လွိုင်​ကော်နယ် တိုက်ပွဲတွင် PDF ရဲ​ဘော်မျိုး​အောင် ကျဆုံးခဲ့ရ

လွိုင်ကော် PDF သည် ဒီးမော့ဆို တိုက်ပွဲတွင် နေ့စဉ် ရက်ဆက်ပါဝင် တိုက်ပွဲဝင်နေသည့်အပြင် အခြား ဒေသ စစ်မျက်နှာပြင်များဖြစ်သော ထီတရိကျေးရွာအနီး ၊ လင်ဖုံလမ်းခွ တစ်ဝိုက်တွင်လည်း ပြောက်ကျားတိုက်ပွဲဝင်နေကြောင်း အသိပေးသည်။

ဓာတ်ပုံ - လွိုင်​ကော် PDF

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ကယန်းသာယာဘက်မှ ထီတရိကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားရာ ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း လွိုင်ကော် PDFက ထုတ်ပြန်သည်။

ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၈နာရီခန့်က စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများ​​ဖြင့်အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ – လွိုင်​ကော် PDF

ထို့ကြောင့် လွိုင်ကော် PDF နှင့် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF)မှ ပြောက်ကျားနည်းဖြင့်ပစ်ခတ်ပြီး နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားနေစဉ် လွိုင်ကော် PDFမှ ရဲဘော် မျိုးအောင်(ခ) ပေါလူမှာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသည်။

Public Service Announcement

ရဲဘော် မျိုးအောင်အား သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုဦးညွှတ်ကြောင်း လွိုင်ကော် PDFက ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – လွိုင်​ကော် PDF

လွိုင်ကော် PDF သည် ဒီးမော့ဆို တိုက်ပွဲတွင် နေ့စဉ် ရက်ဆက်ပါဝင် တိုက်ပွဲဝင်နေသည့်အပြင် အခြား ဒေသ စစ်မျက်နှာပြင်များဖြစ်သော ထီတရိကျေးရွာအနီး ၊ လင်ဖုံလမ်းခွ တစ်ဝိုက်တွင်လည်း ပြောက်ကျားတိုက်ပွဲဝင်နေကြောင်း အသိပေးသည်။

မတ်လ ၁၁ ရက်က လွိုင်ကော် PDFနှင့် KNDF တို့မှ လင်ဖုံလမ်းခွဲတွင် တပ်တည်ထားသော အကြမ်းဖက်စစ်ကောင်စီကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ​လေးဦးမှ ခုနစ်ဦးအတွင်း သေဆုံးသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။