Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေလို့ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရ

ဒီလိုပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေက အင်အားတိုးချဲ့နေပြီး လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် မထောကျေးရွာအုပ်စုက ပြည်သူတွေအားလုံးနီးပါး ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က လမ်းလုံခြုံရေးအကြောင်းပြပြီး လှုပ်ရှားနေတဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေဟာ ခွေးသေနဲ့ မထောကျေးရွာကြားမှာရှိတဲ့သွာခိုလို၊ တာဟူးလို၊ သာမစူလိုနဲ့ ဃေါ်ကလားကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ၁၅ ချက်ခန့်ပစ်ခတ်ခဲ့တာပါ။

ဒီလိုပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားထားပါတယ်။

Public Service Announcement

ဒါ့အပြင် မတ်လ ၁၀ ရက်မနက် ၁၁ နာရီအချိန်မှာ ဖွေးပူးလူးဘက်ကိုမောင်းနှင်လာတဲ့ BGF ကားကို KNLA တပ်မဟာ ၅ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်ပျက်စီးသွားခဲ့ပြီး ကောကော်ထာနဲ့ ဘလောစိုးကြားမှာရှိတဲ့ စစ်ကောင်စီစခန်းတစ်ခုကို တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရရှိတာတွေပိုမိုများပြားနေခဲ့ပြီး စစ်ရေးအင်အားတိုးချဲ့မှုတွေ ပိုမိုပြုလုပ်လာခဲ့ကာ ဒီကနေ့မတ်လ ၁၄ ရက် မနက်ပိုင်းကလည်း မြိုင်ကြီးငူဒေသဘက်ကို စစ်ကား ၁၃ စီးခန့်နဲ့ ရောက်ရှိလာခဲ့တယ်လို့ နယ်မြေခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။