Connect with us

Hi, what are you looking for?

News

PDFများ ရန်သူ့သတင်းပေးကို အရေးယူရာတွင် အပြစ်မဲ့ပြည်သူများ မထိခိုက်စေရန် အထူးဂရုပြုရမည့် အချက်(၄)ချက် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်သည်တော်ကျင့်ဝတ် ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များနှင့် သစ္စာအဓိဌာန် (၄)ချက်ကို လိုက်နာကြရန်နှင့် ပြည်သူလူထုအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဟု အသိပေးထားသည်။

(မန္တ​လေး PDF မှ ရဲ​ဘော်များကို ​တွေ့ရစဥ်)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ရန်သူ့သတင်းပေးများ၊ စစ်သုံ့ပန်းများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရာတွင် သက်သေအထောက်အထား စာရွက် စာတမ်းများ ထားရှိရမည်ဖြစ်ပြီး အပြစ်မဲ့ပြည်သူများကို ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်သည်တော်ကျင့်ဝတ် ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များနှင့် သစ္စာအဓိဌာန် (၄)ချက်ကို လိုက်နာကြရန်နှင့် ပြည်သူလူထုအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဟု အသိပေးထားသည်။

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် အပြစ်မဲ့ပြည်သူများကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိ‌ရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

စစ်ဘက်ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို စစ်ဆေးစီရင်နေစဥ် အချိန်အတွင်း လိုအပ်ပါက ကာကွယ်ရေးဝန်ကြီးဌာနသည် အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်၍ စစ်ဘက်တာဝန်များမှ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးရဲဘော်ရဲဘက် အချင်းချင်း စည်းလုံးညီညွတ်ကြရန်နှင့် အပြန်အလှန် ထိန်းကျောင်းသွားကြရန် အထူးလိုအပ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် အများပြည်သူတို့အနေဖြင့် အဆိုပါ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများအား တိုင်ကြားနိုင်ကြောင်း တိုင်ကြားနိုင်သည့် လိပ်စာများကို ဖော်ပြခဲ့သည်။

သတင်းပေးတိုင်ကြားနိုင်သည့် လိပ်စာများမှာ Email : cicmc@mod.nugmyanmar.org ၊ Signal : +66 626940294၊ Viber : +66 626940294၊ Telegram : +66 626940294 တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။