Connect with us

Hi, what are you looking for?

LuduNwayOo

News

PDFများ ရန်သူ့သတင်းပေးကို အရေးယူရာတွင် အပြစ်မဲ့ပြည်သူများ မထိခိုက်စေရန် အထူးဂရုပြုရမည့် အချက်(၄)ချက် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်သည်တော်ကျင့်ဝတ် ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များနှင့် သစ္စာအဓိဌာန် (၄)ချက်ကို လိုက်နာကြရန်နှင့် ပြည်သူလူထုအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဟု အသိပေးထားသည်။

(မန္တ​လေး PDF မှ ရဲ​ဘော်များကို ​တွေ့ရစဥ်)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ရန်သူ့သတင်းပေးများ၊ စစ်သုံ့ပန်းများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရာတွင် သက်သေအထောက်အထား စာရွက် စာတမ်းများ ထားရှိရမည်ဖြစ်ပြီး အပြစ်မဲ့ပြည်သူများကို ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်သည်တော်ကျင့်ဝတ် ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များနှင့် သစ္စာအဓိဌာန် (၄)ချက်ကို လိုက်နာကြရန်နှင့် ပြည်သူလူထုအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဟု အသိပေးထားသည်။

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် အပြစ်မဲ့ပြည်သူများကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိ‌ရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

စစ်ဘက်ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို စစ်ဆေးစီရင်နေစဥ် အချိန်အတွင်း လိုအပ်ပါက ကာကွယ်ရေးဝန်ကြီးဌာနသည် အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်၍ စစ်ဘက်တာဝန်များမှ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးရဲဘော်ရဲဘက် အချင်းချင်း စည်းလုံးညီညွတ်ကြရန်နှင့် အပြန်အလှန် ထိန်းကျောင်းသွားကြရန် အထူးလိုအပ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် အများပြည်သူတို့အနေဖြင့် အဆိုပါ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများအား တိုင်ကြားနိုင်ကြောင်း တိုင်ကြားနိုင်သည့် လိပ်စာများကို ဖော်ပြခဲ့သည်။

သတင်းပေးတိုင်ကြားနိုင်သည့် လိပ်စာများမှာ Email : cicmc@mod.nugmyanmar.org ၊ Signal : +66 626940294၊ Viber : +66 626940294၊ Telegram : +66 626940294 တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။