Hi, what are you looking for?
အလုပ်မရှိတာ နှစ်ပတ်ကျော်ပြီ။ ဆန်က ရှိသေးသည်ဆိုတော့ သိပ်တော့ ကိစ္စမရှိ။ ကိစ္စရှိသည်က ဟင်းချက်စရာဖြစ်သည်။ ဒီရက်ပိုင်း ပဲဟင်းတလှည့်၊ အသားတုတလှည့်ဆိုတော့ လျှာရင်းက မမြက်သည်မှာ ကြာပြီလေ။ ကိုက်လန်လေးနဲ့ ဝက်သားလေးကို ပါးပါးလှီးပြီး ကြော်စားလိုက်ရင်ကွာ ဆိုတဲ့အသိက ဦးနှောက်ကို သတင်းပို့တော့ ဗိုက်တွေပါ ဆာလာသည်။
ပြီးခဲ့တဲ့ နှစ်မကုန်ခင်လောက်က ခရီးတခုထွက်ခဲ့တယ်။ ကျနော်တို့အဖွဲ့ငယ်လေး ဌာနချုပ်ကနေ ထွက်လာတာပေါ့။ ကားနဲ့သွားကြတဲ့သူတွေက သွားကြ။ ကျနော်ကတော့ ကားမူးလွန်းလို့ ဆိုင်ကယ်နဲ့ပဲ။ ခရီးစထွက်တဲ့ ရက် နေ့လယ်မှာပဲ ကားပျက်တယ်။ ကားပျက်တဲ့နေရာကလည်း ဌာနချုပ်ကနေတွက်ရင် မထွက်သေးဘူး။ ဖြစ်ချင် တော့ အဲဒီနေ့က Sunday။ ကားပျက်တဲ့နားကရှိတဲ့ ဆိုင်သေးသေးလေးကလည်း...
"ဟေ့ ကျွတ်စ် ကျွတ်စ် ညီလေး ပြောင်းဖူးပြုတ်၊မြေပဲပြုတ် ယူဦးမလား'' "ဟေ့လူ ဘယ်မှလဲမစားဘူး ကျွတ်စ် ကျွတ်စ်လဲ ခေါ်စရာ စောက်ကြောင်းမရှိဘူး စောက်ရေးမပါတာ'' ကျနော်ရပ်နေတဲ့ရှေ့ကိုရောက်လာတဲ့ ဆိုင်ကယ်မှာစျေးခုံတွဲထားတဲ့ အော်လံနဲ့ဘဲတဗွေကိုဘုတောတောပစ်လိုက်တယ် ။ဘယ်စောက်ရူးကစလိုက်သလဲတော့မသိဘူး စားသုံးသူကို ကျွတ်စ် ကျွတ်စ် ခေါ်ရမယ်လို့ ။
ကိုပေါက်စ အကြံအိုက်နေပြီ။ ဆရာမလေး မှာလိုက်တာက အထုတ် ၁၀၀။ အခုက အထုတ် ၄၀ စွန်းစွန်းပဲ ဝယ်လို့ရသေးတယ်။ သေချာတာတော့ ဒီရွာမှာလည်း တခြားဆိုင်ရယ်လို့ မရှိတော့ဘူး။ ကိုပေါက်စလည်း စိတ်ညစ်ညစ်နဲ့ ဘာလုပ်ရမလဲ ထိုင်စဉ်းစားနေတုန်း သည်လူက စက်ဘီးတစီးနဲ့ ကိုပေါက်စရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့တာပဲ။