Connect with us

Hi, what are you looking for?

ကဗျာ

‘တရားသောစစ် နိုင်ရမယ်’

အဟောင်းဖြစ်သွားတာ

အဟောင်းတွေက

အသစ်ဖြစ်မလာဘူး

◼️နောင်ရိုး(ကန့်ဘလူ)

အသစ်တွေကသာ

အဟောင်းဖြစ်သွားတာ

အဟောင်းတွေက

Public Service Announcement

Public Service Announcement

အသစ်ဖြစ်မလာဘူး

အနာဂတ်အသစ်ကို

အညစ်အပေမခံလိုတော့

မကောင်းတဲ့ အဟောင်းတွေကို

ငါတို့ ပြောင်းလဲပစ်ကြရမယ်

အကောင်းတွေ သစ်လာဖို့အတွက်

အသစ်တွေ ကောင်းလာဖို့အတွက် ။

ကျောင်းတံခါးတွေ ပိတ်

ထောင်တံခါးတွေ ဖွင့်

အာဏာရှင်လွှင့်တဲ့ ရွက်ဆိုတာ

ဘယ်ကမ်းကပ်ကပ် ဥပဒေမဲ့စမြဲ။

ငါတို့ခြေလှမ်းတွေ

နောက်တွန့်လို့မရဘူး

အသက်စွန့်သွားတာက

သူရဲကောင်းတွေ

ကောင်းမှုပြုပြီး အမျှဝေရုံနဲ့

သူတို့တတွေ ဘယ်ကျေနပ်မလဲ

လတ်ဆတ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ

သူတို့အတွက်

ငါတို့ရအောင် ယူရမည်

ငါတို့အတွက်

ငါတို့ရအောင် ယူရမည် ။

ဒီပွဲမှာ

မေတ္တာတေးသံ မချီရ

ဒီပွဲမှာ

ကရုဏာတေးသံ မသီရ

အာဏာရှင်ကို အာဏာရှင်အဖြစ်

တူညီခြင်းသီအိုရီနဲ့ ပြန်ပစ်ရမယ်။

သူတို့ယုတ်လို့

ကိုယ်ရိုင်းပြတာကို

ဘယ်သမိုင်းကမှ

လူဆိုးလို့ ကမ္ဗည်းမထိုးဘူး

သူတို့မယုတ်ခင်မှာ

ငါတို့ – – – – – ရိုးသားဖြူစင်ခဲ့ကြတယ်။

မီးကို ရေနဲ့သတ်လည်းသေတယ်

မီးကို ရေနွေးနဲ့ပက်လည်းသေတယ်

တရားရသလို တရားပြသလို

ဒီလိုစကားတွေနဲ့ လျှာ၀င်မရှည်နဲ့

မငြိမ်းချမ်းတဲ့နေရာကနေ

နိဗ္ဗာန်ရောက်ပါစေဆုတောင်းလည်း

ကြောက်စိတ်တွေနဲ့မို့

ပါးစပ်ညောင်းတာပဲ အဖက်တင်လိမ့်မယ်

အာဏာရှင်ဆိုတာက

မီးစတစ်ဖက် သေနတ်တစ်လက်နဲ့

ငါတို့ရေခွက်ကို

ခဏခဏ မှောက်မှောက်ချတယ်။

သူတို့မီးကို လိုက်လိုက်သတ်နေရတာနဲ့

ငါတို့ရေခွက်တောင် ငါတို့မသောက်ရ

ငါတို့အိမ်မှာတောင် ငါတို့မနေရ

ငါတို့မြေမှာတောင် ငါတို့မစိုက်ရ

ငါတို့သီးနှံတောင် ငါတို့မရိတ်ရ

ငါတို့စလောင်းတောင် ငါတို့ကြည့်မရ

ငါတို့ဖုန်းအတွင်း

ငါတို့ကြိုက်တဲ့သီချင်းတွေ မထည့်ရ

အကြောက်တရားတွေနဲ့အတူ

ငါတို့ရင်းနှီးထားရတာ တန်သလား

အာဏာရှင်ဆိုတာ

နိမိတ်ပြကဗျာလည်း ရန်မူတယ်

အမှန်ရေးသူလည်း ရန်သူသဖွယ်

သူတို့မှအမှန်လို့ တယူသန်တယ်။

ဟုတ်တယ် —

ဒါကြောင့်မို့

ဒီပွဲမှာ —-

ဘယ်သူ့ကိုမှ အယူခံမ၀င်ဘဲယှဉ်ပြိုင်မယ်

ဓမ္မတိုက်ပွဲ နိုင်ရမယ်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နောင်ရိုး

(ကန့်ဘလူ)’ရေးဖွဲ့ခဲ့တဲ့ “​တရားသောစစ် နိုင်ရမယ်” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။